Homeပြည်တွင်းသတင်းမြန်မာ့စီးပွားရေဘဏ်နဲ့ ငွေအလွှဲအပြောင်းလုပ်ငန်းစဉ်တွေ မလုပ်တော့ကြောင်း ထိုင်းနိုင်ငံပိုင် Bangkok Bank အသိပေး

မြန်မာ့စီးပွားရေဘဏ်နဲ့ ငွေအလွှဲအပြောင်းလုပ်ငန်းစဉ်တွေ မလုပ်တော့ကြောင်း ထိုင်းနိုင်ငံပိုင် Bangkok Bank အသိပေး

၂၄ မတ်၊၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ငွေအလွှဲအပြောင်းလုပ်တဲ့လုပ်ငန်းစဉ်တွေ မလုပ် ဆောင်တော့ကြောင့် ထိုင်းနိုင်ငံပိုင်၊ ဘန်ကောက်ဘဏ်(Bangkok Bank) ဖက်က အသိပေးလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ဘန်ကောက်မြို့ ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးနဲ့ နယ်စပ်လုံ ခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ဒုတိယနေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေက ကူညီပေးနေတယ်ဆိုပြီး တွမ်အင်ဒရူးရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြခဲ့ပြီးနောက် ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကော်မတီက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပြီး ကုလစွပ်စွဲချက်ကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုထားတယ်လို့သိရပါတယ်။

ဆက်လက်ပြီး ဒီလိုထိုင်းဘဏ်တွေအပေါ် ကုလစွပ်စွဲချက်ထွက်ပေါ်လာပြီးနောက် ၁၀ လအကြာမှာ ထိုင်းနိုင်ငံပိုင် ဘဏ်ကနေ မြန်မာ့စီးပွားရေးဘဏ်နဲ့ အလုပ်ဆက်မလုပ်ဖို့ ဖြစ်လာတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးက မြန်မာစစ်တပ်လက်အောက်မှာရှိ တဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ ပိတ်ဆို့ခံရအပြီးမှာ မြန်မာစစ်ကောင်စီဟာ လက်နက်ဝယ်ယူမှုတွေကို မြန်မာ့ စီးပွားရေးဘဏ်ကတဆင့် ပြုလုပ်နေတာလို့လည်း ပြောဆိုထားပါတယ်။

ဓာတ်ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read