Homeပြည်တွင်းသတင်းမြန်မာအပါအဝင် ၁၉ နိုင်ငံက နေ အမေရိကန်ကို ပြောင်းရွေ့လာသူတွေရဲ့ လူဝင်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်အားလုံးကို အမေရိကန် ရပ်ဆိုင်း

မြန်မာအပါအဝင် ၁၉ နိုင်ငံက နေ အမေရိကန်ကို ပြောင်းရွေ့လာသူတွေရဲ့ လူဝင်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်အားလုံးကို အမေရိကန် ရပ်ဆိုင်း

ဒီဇင်ဘာ ၂၀၂၅

မြန်မာအပါအဝင် နိုင်ငံ ၁၉ နိုင်ငံက ရွေ့ပြောင်းနေထိုင်သူတွေရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်ခွင့်အားလုံးကို တရားဝင်ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာနက ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီအမိန့်ဟာ ဒီဇင်ဘာ ၂ ရက်ကစပြီး ချက်ချင်းအကျိုးသက်ရောက်ပြီး အန္တရာယ်တဲ့ နိုင်ငံတွေက လာတဲ့ နိုင်ငံခြားသားတွေရဲ့ ခိုလှုံခွင့်နဲ့ အခြားသော အကျိုးခံစားခွင့် လျှောက်လွှာတွေကို ဆိုင်းငံ့ထားဖို့နဲ့ ပြန်လည်သုံးသပ်ဖို့ ညွှန့်ကြားထာတာဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကနေ အမေရိကန်နိုင်ငံလုံခြုံရေးနဲ့ပြည်သူ့ဘေးကင်းရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အပြည့်အဝ ပြန်လည်စိစစ်ဖို့ဖြစ်သလို ဒီညွှန်ကြားချက်အရ ဆိုင်းငံ့ထားတဲ့ ခိုလှုံခွင့်လျှောက်လွှာတွေ၊ အကျိုးခံစားခွင့် လျှောက်လွှာတွေနဲ့ အတည်ပြုပြီးသား အကျိုးခံစားခွင့် အချို့ကိုပါ ပြန်လည်သုံးသပ်ဖို့ဆိုပြီး ပါရှိပါတယ်။

ဒီကန့်သတ်ချက်တွေကြောင့် နိုင်ငံသားစစ်ဆေးမှုအောင်မြင်ပြီးပေမယ့် လည်း အမေရိကန်ကို သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၁ ဇန်နဝါရီလ ၂၀ ရက်က စပြီး ရောက်ရှိလာတဲ့ခိုလှုံခွင့်ရသူ ၅ သောင်းကျော်နဲ့ လျောက်လွှာတင်ထားသူ ၁.၅ သန်းကျော်ကို သက်ရောက်မှုရှိနိုင်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး