Homeပြည်တွင်းသတင်းမြန်မာအပါအဝင် နိုင်ငံ ၄ ခုက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို ထိုင်းအစိုးရက တရားဝင်နေခွင့်ပေးမယ်

မြန်မာအပါအဝင် နိုင်ငံ ၄ ခုက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို ထိုင်းအစိုးရက တရားဝင်နေခွင့်ပေးမယ်

၃၀ စက်တင်ဘာ၊ ၂၀၂၄

မြန်မာအပါအဝင် နိုင်ငံလေးခုက အထောက်အထားမရှိတဲ့ အလုပ် သမားတွေနဲ့ကလေးတွေကို ထိုင်းအစိုး ရက တရားဝင်နေခွင့်ပေးသွားတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်း The Nation သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး လုပ်ငန်းခွင်အသီးသီးမှာ ဝင် ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်သမားသစ် မှတ်ပုံ တင်လုပ်ပေးသွားမှာဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေကိုတော့ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ပေးမှာလို့ သိရပါတယ်။

ထိုင်းနိုင်ငံအစိုးရဟာ ပြည်ပက တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးရေးရက် ၁၂၀ စီမံချက်အဖြစ် ဇွန်လ ၅ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ လုပ်ဆောင်ခဲ့ပြီး တရားမဝင် ရွှေ့ ပြောင်းလုပ်သား ၂၅၆၂၁၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

အဲ့ဒီအထဲမှာ မြန်မာအလုပ်သမား ၁၉၃၄၃၀ဦး၊ ကမ္ဘောဒီးယား ၃၉၇၃၆ ဦး၊ လာအို ၁၅၂၈၁ ဦး၊ ဗီယက်နမ် ၁၆၂ ဦးနဲ့ တခြားနိုင်ငံတွေက ,၆၀၄ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။

အထောက်အထားမဲ့အလုပ်သမားတွေကို တရားဝင်နေခွင့်ပေးသွားမယ့်ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၂၄ ရက်က ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးမှာ နိုင် ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီရဲ့ တောင်းဆိုချက်အရ သဘောတူလိုက်ဆိုပါတယ်။

ဒါပေမယ့် တရားဝင်နေခွင့်ပေးမယ့် ကုန်ကျစရိတ်နဲ့လုပ်ငန်းစဥ်တို့ကို ထိုင်းဘုရင့်နန်းတော်ကို တင်ပြပြီး ဘုရင့်နန်းတော်က ခွင့်ပြုချက်ပေးပြီးမှသာ အသေးစိတ်သတင်းထုတ်ပြန်သွားမှာ လို့လည်း သိရပါတယ်။

ပုံစာ – ရက် ၁၂၀ စီမံချက်အတွင်း ဖမ်းဆီးခံထားရသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများကိုတွေ့ရစဉ်
ပုံ – The Nation

ဆက်စပ် သတင်းများ

Most read