Homeပြည်တွင်းသတင်းမြန်မာအတိုက်အခံအင်အားစုတွေပါဝင်တဲ့ နိုင်ငံတကာထိပ်တန်းသံတမန်အစည်းအဝေးတစ်ရပ် အင်ဒိုနီးရှား နိုင်ငံမှာပြုလုပ်

မြန်မာအတိုက်အခံအင်အားစုတွေပါဝင်တဲ့ နိုင်ငံတကာထိပ်တန်းသံတမန်အစည်းအဝေးတစ်ရပ် အင်ဒိုနီးရှား နိုင်ငံမှာပြုလုပ်

၄ အောက်တိုဘာ ၊ ၂၀၂၄

မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာအတိုက်အခံအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံတကာထိပ်တန်း သံတမန်အစည်း အဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ နှစ်ရက်ကြာပြုလုပ်သွားမှာဖြစ်တယ်လို့ AFP သတင်း မှာဖော်ပြလာမှုအရ သိရပါတယ်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပြီး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေအပြင် မြန်မာ အတိုက်အခံအင်အားစုတွေ ပါဝင်မှာဖြစ်ပေမဲ့ စစ်ကောင်စီဖက်က ကိုယ်စားလှယ် ပါမပါကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ လာမယ့် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံညီ လာခံမတိုင်ခင် ပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာ့အရေးပြေလည်ဖို့အတွက် အာဆီယံဦးဆောင်ပြီး သံတမန်နည်းအရ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့တိုးတက်မှု နည်းနည်းပဲ ရှိခဲ့တာကြောင့် စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ အာဆီယံရဲ့ထိပ်တန်းအစည်းအဝေးတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

အရင်ဆွေးနွေးပွဲတွေမှာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပြင်း ထန်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့စဉ်

Photo – getty images

ဆက်စပ် သတင်းများ

Most read