Homeပြည်တွင်းသတင်းမြန်မာဟာ ကမ္ဘာမှာဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်လာ

မြန်မာဟာ ကမ္ဘာမှာဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်လာ

ဒီဇင်ဘာ ၂၀၂၅

မြန်မာဟာ ဆယ်နှစ်အတွင်းဘိန်းစိုက် ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင် ရာအဖွဲ့ရုံး(UNODC)က ဒီဇင်ဘာလ ၃ ရက် က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာစံချိန်အမြင့်ဆုံးရောက်ခဲ့ပြီး ထွက်ရှိလာတဲ့ဘိန်းဖြူ(Heroin)ကို အနောက်နိုင်ငံဈေးကွက်ကို ကူးသန်းရောင်းဝယ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်သူတွေထဲမှာ အချိန်ကြာမြင့်စွာပါဝင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အာဖဂန်နစ္စတန်တာလီဘန်အစိုးရက ဘိန်းလုပ်ငန်းကိုနှိမ်နင်းပြီးနောက် ကမ္ဘာ့အဆင့် ၁ နေရာကို ရယူခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းစစ်အတွက် ရန်ပုံငွေထောက်ပံ့ပေးရာမှာ တရားမဝင်လုပ်ငန်းတွေဟာ အဓိကဝင်ငွေရင်းမြစ်တွေ ဖြစ်လာတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ဒီနှစ်မြန်မာမြေပေါ်ဘိန်းစိုက်ပျိုးတဲ့ဧကမှာ ဟက်တာ ၅၃,၀၀၀ ကျော်(၁၃၁,၀၀၀ ဧက)ကျော်လွန်ခဲ့ပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံးနယ်မြေအဖြစ် မှတ်တမ်းတင်ခဲ့တယ်လို့ဆိုပါတယ်။

News – BNA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး