Homeပြည်တွင်းသတင်းမြန်မာဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရတဲ့အတွက် ပြည်သူ ၂၃ ဦးကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်

မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရတဲ့အတွက် ပြည်သူ ၂၃ ဦးကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်

၁၂ စက်တင်ဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မြန်မာဝမ်ပေါင် နဲ့ မြန်မာယန်စီ ကုမ္ပဏီတို့ကို လုံခြုံရေးပေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက မိုင်းထောင်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေက လမ်းမှာတွေ့တဲ့ မြေပဲနုတ်ရာကပြန်လာတဲ့ အမျိုးသမီး ၁၃ ဦးအပါအဝင် ပြည်သူ ၂၃ဦးကို ပြန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်၊ နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ မြန်မာဝမ်ပေါင် နဲ့ မြန်မာယန်စီ ကုမ္ပဏီတို့က ကြေးနီ ထုတ်ဖို့ လိုအပ်တဲ့ ဆာလဖျူရစ် အက်ဆစ် ကွန်တိန်နာတွေ ပို့ဆောင်ဖို့နဲ့ ထုတ်လုပ်ပြီးသား ကြေးနီတွေကို သယ်ယူဖို့ ရဲ နဲ့ စစ်သားအင်အား ၁၀၀ ဝန်းကျင်က ဝမ်ပေါင်ကုမ္ပဏီက အောင်ဇေယျကုန်းအထိ ပို့ဆောင်ခဲ့ ပါတယ်။ လုံ

ခြုံရေးယူပို့ဆောင်ပေးချိန်မှာ စစ်ကောင်စီကားတွေကို တော်လှန်ရေးတပ်တွေက ၃ လုံးတွဲမိုင်းတွေ နဲ့ မိုင်းဆွဲတို က်ခိုက်ခဲ့တာလို့သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဆားလင်းကြီးမြို့နယ်၊ မကျည်းတစ်ထောင်ကျေးရွာက မြေပဲနှုတ်ပြီး ပြန်လာတဲ့ အမျိုးသမီး ၁၃ ဦးအပါအဝင် ပြည်သူ ၂၃ ဦးကို အောင်ဇေယျတပ်ကုန်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ အမှတ် ၂၈ ရဲတပ်ရင်းကို ပို့ဆောင်လိုက်ပြီး မိသားစုတွေနဲ့အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်သားတွေနဲ့ ရဲတွေကို ၃ လုံးတွဲမိုင်း နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဗိုလ် ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိဒဏ်ရာရတဲ့ စစ်သားနဲ့ ရဲတွေကို မုံရွာမြို့အခြေစိုက် နမခ စစ်ဆေးရုံကို ပို့ဆောင်သွားတယ်လို့ Regional Friend Fighters (RFF) ဘက်က ကြေညာပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ်၊ တိုက်နယ်၂ ပကဖတွေဖြစ်တဲ့ Regional Friend Fighters (RFF) ၊ Fighter Brotherhood Guerrilla Army (FBGA)၊ Yinmarbin Local -YMB PDF ၊ Black Eagle Defense Force နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – (မြန်မာဝမ်ပေါင်ကြေးနီထုတ်စက်ရုံအဝင်ဝနဲ့ လုပ်ငန်းခွင်မြင်ကွင်း)

Photo – မြန်မာဝမ်ပေါင်

ဆက်စပ် သတင်းများ

Most read