၁၈ အောက်တိုဘာ၊ ၂၀၂၄
အောက်တိုဘာ ၁၇ ရက်က Chumporn ပြည်နယ် Lang Suan ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာလုပ်သားဆယ်ဦးကို အသက်သေအောင် ပစ်ထားခဲ့တဲ့ ထိုင်းလူမျိုးယာဥ်မောင်းနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ၁၈ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
အောက်တိုဘာလ ၁၇ ရက်က ထိုင်းယာဉ်မောင်း နှစ်ဦးဟာ အလုံပိတ် ကုန်တင်ယာဉ်ငယ်နှစ်စီးနဲ့ မြန်မာအလုပ် သမားတွေကို တရားမဝင် လူကုန်ကူးရာက ၃ ဦးသေဆုံးပြီး ၇ ဦးက သတိလစ် မေ့မျောနေခဲ့ပါတယ်။
ဒီဆယ်ဦးကို ယာဉ်မောင်းနှစ်ဦးက လမ်းတစ်နေရာမှာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ကားမောင်းသူနှစ်ဦးကို ပတ်ချဘူရီခရိုင်မှာ ဖမ်းမိခဲ့တာပါ။
အလုံပိတ်ကားနဲ့ သယ်ဆောင်လာသူ အမျိုးသမီး ၅ ဦးအပါအဝင် စုစုပေါင်း၂၆ဦး ထိ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲက ၁၀ဦးဟာအပူချိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်လတ်လို့ သုံးဦးကသေဆုံးပြီး ၇ဦးက သတိလစ်မေ့ မျောနေခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူနဲ့သတိလစ်သူတွေအပါအဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကနေခေါ်ဆောင်လာတယ်လို့သိရပီး ထိုင်းရဲတပ်ဖွဲ့ကတော့ အမှုနဲ့ဆက်စပ်နေတဲ့ တရားခံတစ်ဦး ရှိနေဦးမယ်လို့ ယူ ဆထားတာကြောင့်သံသယရှိသူကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းက ခိုးဝင်ပြီး အလုပ်ရှာသူတွေအတွက် တစ်ဦးကို ဘတ် နှစ်သောင်းမှ သုံးသောင်းအထိ ပွဲစားခ ပေးရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ဆိုပါတယ်။
Photo – Khaosod