ထိုင်းနိုင်ငံ၊ ကန်ချနားဘူရီ ပြည်နယ်မှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ် တစ်စီး ထိုင်း ရဲတပ်ဖွဲက လိုက်လံဖမ်းဆီးစဉ် မောင်းပြေးရာမှ မြစ်ထဲ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို Khasod သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။
အဆိုပါကားအား ထိုင်းအဝေးပြေး ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် ကားမှာ ဘန်လတ်ရာ လမ်းဆုံကနေ Kwai Yai မြစ်ကူးတံတား Nong Bua အထိ အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့ပြီး မြစ်ကမ်းဘေးမှာ ကားရေဆေး နေတဲ့ ဒေသခံ တစ်ဦးရဲ့ ကားကို တိုက်မိပြီး မြစ်ထဲသို ဆင်းသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
ကားမြစ်ထဲကျသွားပြီးနောက် ယာဉ်မောင်းဖြစ်သူမှာ ရေကူးလွတ်မြောက်သွားကြောင်းနဲ့ ယာဉ်အနောက် ခန်းမှာ ပါလာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား အမျိုးသား၊အမျိုးသမီး နဲ့ ကလေးငယ် စုစုပေါင်း ၁၉ဦး ကတော့ ယာဉ်ပေါ်မှာ ကျန်ရစ်ခဲ့တယ်လို့ လည်း သိရပါတယ်။
အဆိုပါ ရွေ့ပြောင်းမြန်မာလုပ်သားတွေမှာ ရန်ကုန်မှာလာရောက်သူတွေဖြစ်ကြောင်းနဲ့ ဆန်ခလာဘူရီခရိုင် နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေဖြစ်တယ်လို့သိရပြီး ပွဲစားခ တစ်ဦးကို ဘတ် ၈၅၀၀၀ အထိပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေထဲက အရွယ်ရောက်ပြီးသူ အားလုံး ကို တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားပြီး မြစ်ကိုဖြတ်ကူးပြီး ထွက်ပြေးသွားတဲ့ ကားမောင်းသူကို ထိုင်း ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Khasod English