ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှာ မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ထိုင်းဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၁ ဦးအပါ မြန်မာရွှေ့ပြောင်းလုပ် သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မဲဆောက်မြို့မှာနေထိုင်တဲ့ သတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။
လက်နက်ကြီးကျရောက်တာဟာ ကရင် ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းမှာ ဖြစ် ပွားနေတဲ့ တိုက်ပွဲကနေ ပစ်ခတ်လိုက်တဲ့
၆၀ မမ လက်နက်ကြီးကျည် ၅ လုံးဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်နယ်စပ်မျဥ်းအတွင်းမှာရှိတဲ့ နေအိမ်အ ချို့ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မဲဆောက်မြို့ထဲတော့မဟုတ်ဘူးဗျ၊ နယ်စပ်နားက အိမ်အချို့ကို ထိတာလို့ပြောတယ်။”လို့ မဲဆောက်မြို့နေ သူတဦးက New Day Myanmar ကိုပြောပါတယ်။
မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်တွေနဲ့ KNLA ပူး ပေါင်းတပ်တွေအကြား လွန်ခဲ့တဲ့လထဲက တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး၊ လက်ရှိအ ချိန်မှာ စစ်တပ်က ထိုးစစ်ဆင်နေတာဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဘဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ မင်းလက်ပံကျေးရွာတလျှောက်ကနေရာတွေမှာ ဖွင့်ထားတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU)က စီး နင်းသိမ်းပိုက်ပြီး နိုင်ငံတကာကို အချက် အလက်တွေချပြမယ်လို့ ကြေညာပြီးနောက် စစ်အုပ်စုဟာ အခုလိုအပြင်း အထန်ထိုးစစ်ဆင်နေတာဘဲဖြစ်ပါတယ်။
ဓာတ်ပုံ-CJ


