၄ ဖေဖော်ဝါရီ၊ ၂၀၂၅
ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) မှ မြန်မာနယ်စပ်ဒေသကို ပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဒီနေ့ ဖြတ်တောက်မယ်လို့ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အတည်ပြုပြောဆိုလိုက်ပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မြဝတီမြို့နယ်မှာ လည်ပတ်နေတဲ့ ကျားဖြန့်ခေါ် တယ်လီကွန်း လိမ်လည်မှု စင်တာတွေကို ထိုင်းနဲ့ နိုင်ငံစုံ ပူးပေါင်းနှိမ်နင်းနေတာ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ Phumtham က ဒီပြဿနာဟာ ထိုင်းနိုင်ငံအတွက် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်းနဲ့ ၂၀၂၂ ဇွန် ကနေ ၂၀၂၄ ဇွန် အထိ ထိုင်းလူမျိုး ၅ သိန်းကျော်ဟာ call center scamတွေရဲ့ သားကောင် ဖြစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
Call Centre လိမ်လည်မှုတွေကြောင့် ဘတ် သန်း ၆၀ထက်မနည်း ထိုင်းနိုင်ငံဟာ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုင်ဘာရာဇဝတ်မှုစုံစမ်းရေးဗျူရိုရဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ သူက PEA အာဏာပိုင်တွေအနေနဲ့ ဒါဟာ တိုင်းပြည်ရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်ရင် လျှပ်စစ်မီးဖြတ်သင့်ကြောင်းနဲ့ လွှတ်တော် ဒါမှမဟုတ် NSC ရဲ့ အမိန့်ကို စောင့်နေ၃စရာမလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။
“ဒီနေ့မှာတော့ NSC က မြဝတီကို ဓာတ်အား ဖြတ်တောက်သင့်တယ်လို့ PEA ကို အကြောင်းကြားပြီး လိုက်နာဖို့ ပျက်ကွက်သူ မည်သူမဆို ထိုင်းနိုင်ငံကို သက်ရောက်လာနိုင်တဲ့ Call Center ဂိုဏ်းတွေကို ခွင့်ပြုတဲ့အတွက် လွှဲပြောင်းခြင်း ဒါမှမဟုတ် အပြစ်ပေးခံရခြင်း ခံရမယ်”လို့ သတိပေးထားပါတယ်။
အဂတိလိုက်စားမှုဟာ မြန်မာနိုင်ငံအတွက် လျှပ်စစ်မီးရရှိရေးမှာ အထောက်အကူဖြစ်စေမလားဆိုတာ မသေချာပေမယ့် လာဘ်ပေးလာဘ်ယူမှုကိုတော့ သည်းခံမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
မြဝတီမြို့နယ်မှာ လျှပ်စစ်မီးပြတ်တောက်မှု ရှိ၊ မရှိ နဲ့ အဲဒီနေရာတွေက အိမ်ထောင်စုတွေကို ထိခိုက်မှု ရှိစေနိုင်မလားဆိုတဲ့မေးခွန်းကို မြန်မာအစိုးရက သူ့ပြည်သူတွေကို သူဂရုစိုက်သင့်ကြောင်းနဲ့ သူ့နယ်မြေမှာ ရာဇဝတ်ဂိုဏ်းတွေကို ပြစ်မှုကျူးလွန်ခွင့်ပေးထားတဲ့အတွက် တာဝန်ယူသင့်တယ်လို့ ပြောဆိုသွားပါတယ်။
ဓာတ်ပုံ – ဘန်ကောက်ပို့စ်