Homeပြည်တွင်းသတင်းမြန်မာပြည်တွင်းက ဖင်လန်သံရုံးကို ပိတ်တော့မယ်လို့ ဖင်လန်နိုင်ငံအစိုးရ ကြေညာ

မြန်မာပြည်တွင်းက ဖင်လန်သံရုံးကို ပိတ်တော့မယ်လို့ ဖင်လန်နိုင်ငံအစိုးရ ကြေညာ

၃၀ နိုဝင်ဘာ ၂၀၂၉

မြန်မာပြည်တွင်းက ဖင်လန်သံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်အတွင်း ပိတ်တော့မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်နေ့မှာ ဖင်လန်နိုင်ငံအစိုးရ ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ သံရုံး၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာရှိတဲ့သံရုံးနဲ့ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့က ဖင်လန်သံရုံးတွေကို ပိတ်မယ်လို့ကြေညာထားတာဖြစ်ပါတယ်။

လတ်တလော အဲဒီမြို့မှာရှိတဲ့ သံရုံတွေကို ပိတ်သိမ်းဖို့ ပြင်ဆင်နေပြီးနေတယ်လို့ဆိုပါတယ်။

ဖင်လန်သံရုံးတွေ ပိတ်ပစ်လိုက်ရတာဟာသက်ဆိုင်ရာနိုင်ငံတွေမှာဖြစ်နေတဲ့ နိုင်ငံ ရေး ရှုပ်ထွေးမှုအခြေအနေအပြင် အဲဒီနိုင်ငံတွေနဲ့ ဖင်လန်နိုင်ငံတို့ကြား ကုန် သွယ်ရေး၊ စီးပွားရေးအပါအဝင် သံတ မန်ရေး စတဲ့ကဏ္ဍတွေမှာ ကန့်သတ်ချက်တွေနဲ့ ရပ်တန့်တာတွေ ဖြစ်ပေါ်နေတာကြောင့်လို့ ဆိုပါတယ်။

မြန်မာက အခြေအနေတွေနဲ့အကန်အသတ်တွေကြောင့် သံရုံးပိတ်မယ်လို့ ဖင်လန်က ပြောပေမဲ့ အမေရိကန် အမိမြေ လုံခြုံရေးဝန်ကြီးဌာန(DHS) ကတော့ မြန်မာနိုင်ငံရဲ့ အ‌ခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီလို့ဆိုတဲ့အကြောင်းပြချက်တဲ့ မြန်မာတွေကို ပေးထားတဲ့ ယာယီအကာအကွယ်ပေးမှုအစီအစဉ်ကို ရုပ်သိမ်းပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ ကြေညာပါတယ်။

တဖက်မှာလည်း သံရုံးပိတ်မယ့် ဖင်လန်နိုင်ငံရဲ့အစီအစဉ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမှာ ဆုတ်ယုတ်မှုတစ်ခုလည်းဖြစ်လာပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး