Homeပြည်တွင်းသတင်းမြန်မာပြည်တွင်းကို နိုင်ငံတကာသတင်းထောက်တွေ ဝင်ရောက်ခွင့်ရရေး စစ်ကောင်စီဆောင်ရွက်ပေးဖို့ IPCM တောင်းဆို

မြန်မာပြည်တွင်းကို နိုင်ငံတကာသတင်းထောက်တွေ ဝင်ရောက်ခွင့်ရရေး စစ်ကောင်စီဆောင်ရွက်ပေးဖို့ IPCM တောင်းဆို

ဧပြီ၊၂၀၂၅

ငလျင်ဒဏ်သင့်ခဲ့ရ မြန်မာနိုင်ငံအတွင်းကို နိုင်ငံတကာသတင်းထောက်တွေ အလွယ်တကူဝင်ရောက် သတင်းရယူခွင့်ရရေး စစ်ကောင်စီအနေနဲ့ဆောင်ရွက်ပေးဖို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM)က ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာသတင်းဌာနတွေက ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ရဖို့အတွက် တောင်းဆို မှုတွေရှိနေပေမဲ့လည်း စစ်ကောင်စီဘက်က နိုင်ငံတကာသတင်းထောက်တွေအတွက် ရေ၊ လျှပ်စစ်မီးနဲ့ ဟိုတယ်တွေ အဆင်မပြေဘူးဆိုပြီး အဲဒီတောင်းဆိုမှုတွေကို ငြင်းဆိုထားတာပါ။

စစ်ကောင်စီပြောခွင့်ရေ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကို ပြည်တွင်းကို ပေးမဝင် ကြောင်း ပြောဆိုထားမှုကိုလည်း (IPCM) အနေနဲ့ ကန့်ကွက်ရှုံချတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွေင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်တွင်းရှိသတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာသတင်းရယူခွင့်ပေးဖို့နဲ့ နိုင်ငံတကာသတင်းထောက်တွေအတွက်လည်း ပြည်ဝင်ခွင့် ဗီဇာတွေ စီစဉ်ပေးဖို့ကိုလည်း စစ်ကောင်စီကိုတောင်းဆိုထားပါတယ်။

လိုအပ်တဲ့နေရာတွေကို အကူအညီတွေ ရောက်မရောက်သိရှိဖို့နဲ့ အမှန်တစ်ကယ် ဒုက္ခရောက်နေသည့် နေရာများကို အကူအညီပေးသူတွေ သိရှိနိုင်ရေး သတင်းမီဒီယာတွေမှ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်းနဲ့ အင်တာနက်ဖြတ်တောက်ထားမှုတွေကိုလည်း ပြန်လည်အသုံးပြုခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ -IPCM

ဆက်စပ် သတင်းများ

Most read