လွန်ခဲ့တဲ့ ဩဂုတ် ၅ရက်က မြန်မာပလာဇာကားပါကင်မှာ အမျိုးသမီးတစ်ဦးကို ဓာတ်ဖြင့်ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး လုံခြုံရေးစနစ်ကောင်းမွန်အောင် လုပ် ဆောင်ထားပြီးဖြစ်တယ်လို့ မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မြန်မာပလာဇာစျေးဝယ်စင်တာယာဉ်ရပ်နားရာနေရာနဲ့အရေးကြီးနေရာတွေကိုလုံခြုံရေးအပြည့်အဝချထားတယ်လို့လည်း အသိပေးထားပါတယ်။
လတ်တလောမှာ မြန်မာပလာဇာအနေနဲ့
ပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်း ဆီးရမိဖို့အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ ပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုအပ်တဲ့ပံ့ပိုးတာတွေဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
မြန်မာပလာဇာအနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်မှာ အလေးအနက်ထားပြီး ပူးပေါင်းကူညီသွားမယ်လို့လည်း ဆိုထားပါတယ်။
“အခုတော့ လုံခြုံရေးတွေချထားတာတွေ့တယ်။ ကြားနေရတာက ငွေပေးပြီးသတ်ခိုင်းတာလို့လည်း ကြားနေရတယ်။ ဇာတ် လမ်းကတော့ရှုပ်တယ်။ တပ်နဲ့ရဲတွေလည်း ခြေရှုပ်နေတယ်”လို့ မြန်မာပလာဇာအတွင်းက ဆိုင်ဝန်ထမ်းတစ်ဦးကဆိုပါတယ်။
ဩဂုတ်လ (၅) ရက် ညနေပိုင်းက မြန်မာပလာဇာရှောပင်းမော်လ်ရဲ့ ယာဉ်ရပ်နားနေရာမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်စမ်းစမ်းအေးဆိုသူအမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက ဓါးဖြင့်ထိုးတဲ့ ဖြစ် ရပ်တစ်ခုဖြစ်ပွားခဲ့တာပါ။


