Homeပြည်တွင်းသတင်းမြန်မာပလာဇာ ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်က တရားခံတစ်ဦး ဖမ်းဆီးရမိ

မြန်မာပလာဇာ ကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်က တရားခံတစ်ဦး ဖမ်းဆီးရမိ

၁၁ ဩဂုတ် ၂၀၂၅

မြန်မာပလာဇာကားပါကင်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်စဉ်က ပြစ်မှုကျုးလွန်သူ အမျိုးသားတစ်ဦးကို သြဂုတ် ၆ ရက်

နေ့မှာဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးဆီက

သိရပါတယ်။

အဲဒီအမျိုးသားကို သူရဲ့ဇနီးဖြစ်သူနဲ့အတူ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ မြို့မအဝင်ဂိတ်မှာ တရားခံပြေးမှတ်တမ်းပို့ထားရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတရားခံ အမျိုးသား

နှစ်ဦးကို CCTV မှတ် တမ်းကနေ ရှာဖွေရာမှာ တောင်ဥက္ကလာပမြို့ နယ် INNO City မှာ တည်းခိုနေထိုင်တဲ့ မြတ်သူရကျော် (၃၁)နှစ်ဖြစ်ပြီး သူဟာ သေဆုံးသူ အ မျိုးသမီးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအ တူလုပ်ကိုင်ကာ သေဆုံးသူအား အကြွေးပေးဖို့ရှိတယ်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ နောက် ထပ်တရားခံ အမျိုး သားတစ်ဦးကို ဖမ်းဆီးရမိဖို့ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဩဂုတ်လ (၅)ရက်နေ့ကမြန်မာပလာဇာ ကားရပ်နားတဲ့နေရာမှာ

အမျိုးသမီးတစ်ဦးကို အမျိုးသား (၂)ဦး က ဓါးနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

ဓာတ်ပုံ-မြန်မာပလာဇာ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး