Homeပြည်တွင်းသတင်းမြန်မာပလာဇာရှေ့ အင်းလျားကန်ဘောင်ရေပြင်မှာ အမျိုးသားရုပ်အလောင်းတွေ့

မြန်မာပလာဇာရှေ့ အင်းလျားကန်ဘောင်ရေပြင်မှာ အမျိုးသားရုပ်အလောင်းတွေ့

၁၄ ဩဂုတ် ၂၀၂၅

ရန်ကုန်မြို့၊ မြန်မာပလာဇာရှေ့ မြကျွန်းသာအင်းလျား ကန်​စပ် ကန်ဘောင်ရေပြင်မှာ အမျိုးသားတဦး သေဆုံးနေတာကိုတွေ့ရှိခဲ့တယ် ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ကနေ

သြဂုတ်လ ၁၃ ရက် ည ၁၀ နာရီအချိန်ကတွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး ဘာကြောင့်သေဆုံးရတယ်ဆိုတာ မသိရသေးဘူးလို့ ကူညီရေးလုပ်သူအချို့က ပြောပါတယ်။

သေဆုံးသူဟာ အဆိုပါညနေ ပိုင်းက ကန်ထဲကို ခုန်ချသွားတယ်လို့ ပြောဆိုချက်တွေ ရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

သေဆုံးသူ ရုပ်အလောင်းကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းကမြောက်ဥက္ကလာဆေးရုံ ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး