Homeပြည်တွင်းသတင်းမြန်မာပလာဇာမှာ အမျိုးသမီးကြီးတဦး ဓါးထိုးခံရ၍ သေဆုံး

မြန်မာပလာဇာမှာ အမျိုးသမီးကြီးတဦး ဓါးထိုးခံရ၍ သေဆုံး

ဩဂုတ် ၂၀၂၅

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်က (Myanmar Palaza )မြန်မာပလာဇာ ရဲ့ကားပါကင်မှာ ဩဂုတ် ၅ ရက်ညနေပိုင်း ၅ နာရီ ၂၀ မိနစ်ခန့်က အသက် အသက်(၅၉)နှစ်အရွယ် အမျိုးသမီးကြီးကို အမည်မသိအမျိုးသား(၂)ဦးက ဓားဖြင့်ဝိုင်းထိုးတာကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဓားနဲ့ထိုးခံရပြီးနောက်မှာ ဆေးကုသဖို့အတွက် ဆေးရုံကိုအရေးပေါ် ခေါ်ဆောင်သွားခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကနေ သွေးထွက်များပြီး လမ်းမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တယောက်က လူမှုကွန်ယက်ကနေ အသိပေးထားပါတယ်။

ဓားထိုးမှုဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီးကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး