Homeပြည်တွင်းသတင်းမြန်မာနဲ့အိမ်နီးချင်းနိုင်ငံများအစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်းနဲ့ အမြင်ချင်းဖလှယ်ခဲ့တယ်လို့ အိမ်ရှင်ထိုင်းပြောဆို

မြန်မာနဲ့အိမ်နီးချင်းနိုင်ငံများအစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်းနဲ့ အမြင်ချင်းဖလှယ်ခဲ့တယ်လို့ အိမ်ရှင်ထိုင်းပြောဆို

၂၀ ဒီဇင်ဘာ ၊ ၂၀၂၄

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလွတ်သဘောအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ဘန်ကောက်မြို့မှာ ကျင်းပဆွေးနွေးခဲ့ရာ နယ်စပ်ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ပြီး အပြုသဘောဆောင်တဲ့ အမြင်တွေနဲ့ ကျင်းပခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ဆွေးနွေးတဲ့အထဲမှာ နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု တိုက်ဖျက်ရေး၊ အထူးသဖြင့် မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေနဲ့ ဆက်စပ်တဲ့ နယ်ပယ်တွေမှာ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ပြီး အပြုသဘောဆောင်သော အမြင်တွေနဲ့ ဆွေးနွေးသွားတယ်လို့ ထိုင်းဘက်က ပြောဆိုပါတယ်။ ဆွေးနွေးပွဲမှာ ဝ တပ်နဲ့ ထိုင်းနိုင်ငံကြားနယ်စပ်ပြဿနာကို ထည့်သွင်းစဉ်းစားခြင်းရှိမရှိ ထုတ်ပြန်ခြင်းတော့ မရှိပါဘူး။

ဒီဆွေးနွေးပွဲကို မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အဆင့်မြင့်အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံနဲ့ သူ့ရဲ့ အိမ်နီးချင်း ငါးနိုင်ငံစလုံး ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။

“လမ်းကြောင်းနှစ်ကြောင်း သံတမန်ရေးထက် မျက်နှာနှစ်ဖက်သံတမန်ဆက်ဆံရေးမျိုး ထိုင်းက လုပ်နေတာပါ။ စစ်အစိုးရကို ရှုတ်ချပြီး သီးခြားခွဲထုတ်ဖို့ ကြိုးစားနေတဲ့ အာဆီယံရဲ့ ကြေညာချက်တွေကို သဘောတူလက်မှတ်ရေးထိုးပြီး တချိန်တည်းမှာ စစ်အစိုးရကို ဒေသတွင်းပြန်ရောက်လာနိုင်အောင် တိတ်တဆိတ် ကြိုးပမ်းနေပါတယ်”လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights မှ မြန်မာနိုင်ငံရေးရာအထူးပြုတဲ့ အထူးကျွမ်းကျင်သူ Patrick Phongsathorn က ဒီအစည်းအဝေးနဲ့ပတ်သတ်ပြီး ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဆက်စပ် သတင်းများ

Most read