၃၁ ဇန်နဝါရီ ၂၀၂၆
မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာ ဂျီနိုဆိုက်နဲ့ တရားစွဲထားတဲ့အပေါ် ဆုံးဖြတ်ချက် အ မိန့်ချဖို့ အသင့်ဖြစ်ပါက ကြေညာပေးသွားမယ်လို့ အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ) က ထုတ်ပြန်လိုက်ပါတယ်။
နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ အခြေ စိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အပေါ် ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုနဲ့ တရားစွဲထားတာကို ကြားနာနေတဲ့အခြေအနေဟာ ဇန်နဝါရီ (၂၉)ရက်နေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
နှစ်ဘက် လျှောက်ထားချက်တွေ၊ သက် သေတွေ၊ တောင်းဆိုချက်တွေ အပေါ် တရားရုံးတော်ဘက်က စတင် သုံးသပ်နေပြီလို့ ICJ က ထုတ်ပြန်ထားသလို ဆုံး ဖြတ်ချက် အမိန့်ချတဲ့အခါ ရုံးတော်တွင်း သက်ဆိုင်ရာ ဘက်နှစ်ဘက်ကို ခေါ်ယူပြီး လူသိရှင်ကြား ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။
ICJ က အမှုအပေါ် ရက်သတ္တပတ် ၃ ပတ် နီးပါး ကြားနာခဲ့တာ ဖြစ်ပြီး၊ ၊ ဂမ်ဘီယာဘက်က သက်သေ ၃ ယောက်နဲ့ ကျွမ်း ကျင်သူ တစ်ယောက် တင်သွင်း ခဲ့သလို၊ မြန်မာ ဘက်ကလည်း သက်သေတစ်ယောက် တင်သွင်းခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံ လျှောက်လဲမှုတွေမှာနိုင်ငံတကာ ပဋိညာဉ်ကို မြန်မာနိုင်ငံက ချိုးဖောက်ကြောင်း အမိန့်ချပေးဖို့ အပါ အဝင် ကျုးလွန်ခံရသူတွေ၊ နစ်နာခဲ့သူတွေအတွက် ပြန်လည် ဖြည့်ဆည်းပေးဖို့၊ ကုစားပေးဖို့ အချက်တွေကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်ကလည်း တရားရုံးရဲ့ ကနဦး ကြားဖြတ်အမိန့်တွေကို မလိုက်နာပဲ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အချက်ကစလို့၊ ပင်မစွပ်စွဲခံရတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်း ချိုးဖောက်ခဲ့တယ် ဆိုတဲ့ အချက်တွေ အားလုံး အပေါ် ငြင်းဆိုထားပါတယ်။
ဓာတ်ပုံ – Getty Images


