Homeပြည်တွင်းသတင်းမြန်မာနိုင်ငံအတွက် နှစ်အလိုက် ရန်ပုံငွေ ၅၀ ရာခိုင် နှုန်းသာ ကုလသမဂ္ဂအဖွဲ့မှာကျန်ရှိ အရေးပေါ်နဲ့ ရေရှည် ပံ့ပိုးမှုတွေမရရှိပါက သန်းနဲ့ ချီတဲ့ထိခိုက်လွယ်သူတွေ...

မြန်မာနိုင်ငံအတွက် နှစ်အလိုက် ရန်ပုံငွေ ၅၀ ရာခိုင် နှုန်းသာ ကုလသမဂ္ဂအဖွဲ့မှာကျန်ရှိ အရေးပေါ်နဲ့ ရေရှည် ပံ့ပိုးမှုတွေမရရှိပါက သန်းနဲ့ ချီတဲ့ထိခိုက်လွယ်သူတွေ အကူအညီမရနိုင်တော့လို့ UN Myanmar ဆို

၁၇ ဇွန် ၂၀၂၅

လူသားချင်းစာနာတုံ့ပြန်မှုလုပ်ငန်းတွေရဲ့ မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဦးစားပေးလုပ်ငန်းတွေအတွက် ကုလသမဂ္ဂ အဖွဲ့ မှာ ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းသာ ကျန်ရှိနေပြီး အရေးပေါ်နဲ့ ရေရှည်ပံ့ပိုးမှုတွေ မရရှိပါက သန်း နဲ့ ချီတဲ့ ထိခိုက်လွယ်သူအများစုအတွက် လိုအပ်တဲ့အကူအညီများ မရရှိနိုင်တော့ဘူးလို့ UN Myanmar က ထုတ်ပြန် ပါတယ်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီ အစဉ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၄ ဘီလျံလိုအပ် နေရာမှာ မေလ အစောပိုင်းအထိ ၈ ရာခိုင်နှုန်းအောက်သာ ရရှိထားပြီး၊ မြေငလျင်အရေး ပေါ်အကူအညီ အတွက်လည်း ၁၆ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်တလော မြန်မာနိုင်ငံမှာ ရေကြီးရေလျှံတာတွေ စတင်ဖြစ်ပွားလာတဲ့အတွက် ငလျင်ဒဏ်သင့်ဒေသတွေကို ထောက်ပံ့ရမယ့် အထောက်အပံ့တွေကို မြန်မြန် ဆန်ဆန်ပေးပို့နေကြောင်းနဲ့ အဲ့ဒီအထောက်အပံ့တွေ ရောက်ရှိဖို့ အတွက်အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်ဆောင် ပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီကနေ့မှာ အသိပေးထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာရသူတွေဟာ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ရရှိပြီးဖြစ်ကြောင်းနဲ့ စစ်ကိုင်းမှာတော့ စာသင်ကျောင်းပေါင်း ၂,၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့ ဟင်းလင်းပြင်အတွင်းနေထိုင်နေရတဲ့ မိသားစုတွေဟာ မိုးရာသီမှာ ရေသန့် နဲ့ အိမ်သာအခက်အခဲတွေရှိနေသလို ကျန်းမာရေးဝန်ဆောင်မှုတွေကလဲ အကန့်အသတ်ရှိနေတဲ့အတွက် ရောဂါဖြစ်ပွားမှုများ တိုးလာနိုင်တယ်လို့ဆိုပါတယ်။

ဓာတ်ပုံ- UN Myanmar

ဆက်စပ် သတင်းများ

Most read