Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဟာ မေ့လျော့ထားမခံသင့်ဘူးလို့ ဂျာမန်သံရုံး ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ မားသီးရာ့စ်လစ်ရှ်ရှာ့စ်ပြော

မြန်မာနိုင်ငံဟာ မေ့လျော့ထားမခံသင့်ဘူးလို့ ဂျာမန်သံရုံး ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ မားသီးရာ့စ်လစ်ရှ်ရှာ့စ်ပြော

၂၂ ဩဂုတ်

မြန်မာနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာမှာရှိနေပြီး အနောက်နိုင်ငံတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိပေမယ့် လတ်တလော ကမ္ဘာ့တဝှမ်းရဲ့အာရုံစိုက်မှုတွေက အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ယူကရိန်းစစ်ပွဲကို ရောက်ရှိနေကြတာကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာရဲ့ အာရုံစိုက်ခံရမှုကနေ လွဲချော်နေသေးတယ်လို့ ဂျာမန်သံရုံး ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ မားသီးရာ့စ်လစ်ရှ်ရှာ့စ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေက သတင်းကောင်းတွေဟုတ်မနေခဲ့ပါဘဲ ဆယ်စုနှစ်တခုစာ ထိလွယ်ရှလွယ် နုနယ်ခဲ့တဲ့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုတွေ ပျက်စီးသွားခဲ့တယ်လို့ သူကပြောပါတယ်။

“တိုင်းရင်းသားလူမျိုးစုနဲ့ နိုင်ငံရေး မတူကွဲပြားမှုတွေက ကျွမ်းကျင်သူတွေအတွက်တောင် နားလည်ရခက်ခဲလှပါတယ်။ ရှုပ်ထွေးမှုတွေက ယနေ့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ တိုတောင်းလှသောအာရုံစူးစိုက်မှုအပိုင်းတွေရဲ့ ရန်သူဘာဝဖြစ်နေပါတယ်။ အဲဒါတွေက မြန်မာနိုင်ငံကို နားလည်ရခက်စေပါတယ်။” လို့ မစ္စတာ မားသီးရာ့စ်လစ်ရှ်ရှာ့စ်က ဆိုပါတယ်။

ဆက်လက်ပြီး ” ပြီးခဲ့တဲ့မတ်လကုန်က ကြောက်စရာကောင်းတဲ့ ငလျင်လှုပ်ခတ်မှုဟာ နိုင်ငံအများအပြားမှာ စည်းလုံးညီညွတ်မှုနဲ့ ကရုဏာလှိုင်းတွေကို ဖြစ်ပေါ်စေတဲ့အတွက် မြန်မာနိုင်ငံအပေါ် စာနာမှုများစွာ ရှိနေဆဲ ဖြစ်ကြောင်း ပြသလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ရရှိသူတွေက တိုင်းပြည်ရဲ့ အလှတရားတွေနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် စိတ်လှုပ်ရှားစရာတွေ ရရှိနေကြဆဲဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က လူသားချင်းစာနာထောက်ထား မှုရရှိရေးကို ပံ့ပိုးပေးနေရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီနေရာမှာပဲရပ်တန့်မနေသင့်ပါဘူး။ ပဋိပက္ခတွေက ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။ဆက်စပ်နေတဲ့အကျိုး သက်ရောက်မှုတွေအဖြစ် ဒုက္ခသည်များ စီးဆင်းမှု၊ တရုတ်နှင့် အိန္ဒိယနယ်စပ်အနီးမှ လက်နက်ကိုင်တိုက်ပွဲများ၊ ဆိုက်ဘာရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်းမှု အပါအဝင် ဒေသဆိုင်ရာ လုံခြုံရေးနှင့် အခြားအန္တရာယ်များကို ဖြစ်ပေါ်လာစေပါတယ်။”လို့ ပြောပါတယ်။

တဘက်မှာလည်း ပြည်တွင်းက ဖြစ်စေ၊ နိုင်ငံပြင်ပမှာဖြစ်စေ သူတို့ရဲ့ အလားအလာတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာလူငယ်တွေနဲ့ အလုပ်ကြိုးစားတဲ့ မြန်မာလူမျိုးတွေအပေါ် ဂျာမဏီက အာရုံစိုက်ပေးလျက်ရှိနေတာကြောင့် ဒါ့ကြောင့် ဂျာမဏီအအနေနဲ့မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံမှုက မရှိမဖြစ် လိုအပ်နေပါသေးသလို ကမ္ဘာ့အကျပ်အတည်းမျိုးစုံရှိနေတဲ့ ကာလမှာ မြန်မာနိုင်ငံဟာ မေ့လျော့ထားမခံသင့်ဘူးလို့ သူကပြောခဲ့တာပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး