Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတခုဖြစ်

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတခုဖြစ်

၁၈ နိုဝင်ဘာ ၂၀၂၅

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် “စိုးရိမ်ဖွယ် အမြင့်မားဆုံး” နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၁၇ ရက်က အစီရင်ခံစာအရ သိရပါတယ်။

အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၅ခုနှစ် ပထမနှစ်ဝက် မှာတင် ကမ္ဘာပေါ်မှာ ပဋိပက္ခပြင်းထန်မှု ဒုတိယအဆင့်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြငအရပ်သားတွေအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်တယ်လို့လည်းဆိုပါတယ်။

ဖြစ်ပွားနေဆဲပဋိပက္ခ၊ ရေကြီးရေလျှံခြင်းနဲ့ ၂၀၂၅ ခုနှစ် မတ်လမှာ လှုပ်ခတ်ခဲ့သည့်ငလျင် အပါအဝင် အခက်အခဲများစွာရဲ့ အကျိုးဆက်တွေကို မြန်မာပြည်သူတွေဆင့်ကဲရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း စစ်ကော်မရှင်တပ်နဲ့ လက်နက်ကိုင်အဖွဲ့မျိုးစုံတို့ရဲ့ ပဋိပက္ခတွေဖြစ်ပွားနေပြီး နေ့စဉ်ဖြစ်ပျက်နေတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်မှုနဲ့ နေရာအနှံအပြားတွင် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆သန်းရှိမည်ဟု ခန့်မှန်းထားပြီး အောက်တိုဘာလနဲ့နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲတွေကြောင့် မိသားစုများစွာဟာ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ပိုမို များပြားလာခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၅ ခုနှစ် ကုန်ဆုံးဖို့ နှစ်လခန့်ပင် မကျန်တော့တဲ့ အချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး အစီအစဉ် (HNRP) အတွက် ၁၅ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိထားတာကြောင့် အခုလို ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှုဟာ လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာအတွက် လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရေးအလွန်ခက်ခဲစေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး