Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှု အဆင့် ၅ နေရာရှိနေ

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှု အဆင့် ၅ နေရာရှိနေ

၁၇ အောက်တိုဘာ

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်တွင် ဆာလောင်မွတ်သိပ်မှု နဲ့ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အမြင့်မားဆုံးသော နိုင်ငံများထဲမှာ နံပါတ် ၅ နေရာမှာရှိနေတယ်လို့ အောက်တိုဘာ ၁၆ ရက်က ကျရောက်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ရန်ကုန်မှာရှိတဲ့ ဗြိတိန်သံရုံးက ကြေညာပါတယ်။

မြန်မာနိုင်ငံက လူဦးရေ ၁၆.၇ သန်းခန့်ဟာ စားနပ်ရိက္ခာဆာလောင်မွတ်သိပ်မှုများနဲ့ ရှင်သန်နေရပြီး အခြေခံစားနပ်ရိက္ခာဖူလုံမှု မရှိခြင်းက အသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့ အကျပ်အတည်းတစ်ခုဖြစ်သလို ကြိုတင်တားဆီးကာကွယ်နိုင်တဲ့အရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ ရာသီဥတုဖောက်ပြန်မှုနေတယ်လို့နဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကြောင့် ထိခိုက်လွယ်ပြီး အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းတွေကို အသက်ကယ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးတာအပြင် အာဟာရပြည့်ဝတဲ့စားသောက်ကုန်တွေကို ရေရှည်ထုတ်လုပ်နိုင်ဖို့နဲ့ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတုဆိုင်ရာဘေးဒဏ်တွေကို ခံနိုင်ရည်ရှိစေဖို့အတွက် ယူကေအစိုးရက ‌ဒေသခံမိတ်ဖက်များနဲ့လက်တွဲပြီးပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓါတ်ပုံ – WFP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး