Homeပြည်တွင်းသတင်းမြန်မာနိုင်ငံသား ၄၁ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

မြန်မာနိုင်ငံသား ၄၁ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

၂၃ ဇွန် ၂၀၂၅

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသမှာ မြန်မာနိုင်ငံသား ၄၁ ဦးကို ထိုင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဇွန်၂၃ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးထံက သိရပါတယ်။

အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး၊ ဖမ်းဆီးခံခဲ့ရတဲ့ ၄၁ ဦးအထဲမှာ မလေးရှားနိုင်ငံကိုဆက်ထက်မယ့် အမျိုးသား ၃၃ ဦး ပါဝင်ပြီး သူတို့ဟာ တစ်ဦးကို ဘတ် ၅၅,၀၀၀ ဆီ ပွဲစားကို ပေးခဲ့ရတယ်လို ဆိုပါတယ်။

ကျန် အမျိုးသမီး ၈ ဦးကတော့ ဘန်ကောက်ကို သွားရောက်မှာဖြစ်ပြီး တစ်ဦးကို ဘတ် ၁၅, ၀၀၀ ဆီ ပွဲစားကို ပေးခဲ့ရတယ်လို့သိရပါတယ်။

ဒီလိုဖမ်းဆီးဖို့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ကြိုတင်သတင်းရရှိထားတာဖြစ်ပြီး ၊ စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

လတ်တလော ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံ ၄၁ ဦးအပါအဝင် ထိုင်းနိုင်ငံသားယာဉ်မောင်းတစ်ဦးကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး