မြန်မာနိုင်ငံသားတစ်ဦးကို ထိုးကြိတ်ကာလူ လိမ်လို့စွပ်စွဲတဲ့ ထိုင်းနိုင်ငံသားပြန်လည်တောင်းပန်ခဲ့ပြီဖြစ်တယ်လို့M.H.A.C(မဟာမိတ်အဖွဲ့)ဆီကသိရပါတယ်။
အဲဒီလို တောင်းပန်ရာမှာ လျော်ကြေး ဘတ်ငါးသောင်းပေးတဲ့အ ပြင်သူမှားယွင်းကြောင်းကိုလည်း အွန်လိုင်းပေါ် ကနေ Video နဲ့ သုံးရက်တိတိတောင်းပန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အမှုကို သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းမှာ ဇူလိုင်၂၉ ရက်နေ့က စတင် အမှုဖွင့်တိုင် ကြားခဲ့တာဖြစ်ပြီး၊ ထိုင်းအာဏာပိုင်တွေကထိုးကြိတ်သူ ထိုင်းနိုင်ငံသားကိုချက်ချင်း ရဲစခန်းကိုခေါ်ယူခဲ့ပြီး ရဲအရာရှိတွေ၊ ရှေ့နေနဲ့𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ဝင်တွေ ရှေ့မှာဝန်ခံခဲ့ပြီး နစ်နာသူမြန်မာအမျိုးသားအား ဝန်ချတောင်းပန်ကာ ဘတ်ငါးသောင်းကိုလည်း လျှော်ကြေးအနေနဲ့ ပေးအပ်ခဲ့တာပါ။
နောက်ထပ်လည်း ပြဿနာမရှာတော့ကြောင်းနဲ့ တောင်းပန်တဲ့ ဗွီဒီယိုဖိုင်ကိုလည်း သုံးရက်တင်ပေးသွားမှာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ ပထုန်ဌာနီ ပထုံဆေးရုံအနီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံသားအပေါ် အနိုင်ကျင့် ထိုးကြိတ်ပြီး၊ ထိုးကိုန်နေတဲ့ ဗွီဒီယိုဖိုင်ကို လူလိမ်လို့ဆိုကာ Online ပေါ်တင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဓာတ်ပုံ-M.H.A.C


