Homeပြည်တွင်းသတင်းမြန်မာနိုင်ငံသားတစ်ဦးကို အသက်သေတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ထိုင်းစစ်သားတွေကို အရေးယူပေးဖို့ Fortify Rights တောင်းဆို

မြန်မာနိုင်ငံသားတစ်ဦးကို အသက်သေတဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ထိုင်းစစ်သားတွေကို အရေးယူပေးဖို့ Fortify Rights တောင်းဆို

၁၅ နိုဝင်ဘာ၊ ၂၀၂၄

အခုနှစ် ဇန်နဝါရီလအတွင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာအမျိုးသားတစ်ဦးကို ထိုင်းစစ်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး အသက်သေဆုံးတဲ့အထိ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။

ထိုင်းရပ်ရွာလုံခြုံရေးလုပ်သားဝတ်စုံ ဝတ်ဆင်ထားတဲ့ အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုအောင်ကိုကို ကို ထိုင်းစစ်သား၄ဦးက ဇန်နဝါရီလ ၁၂ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ Fortify Rights က ဆိုပါတယ်။

ဒီထဲက ထိုင်းစစ်သား ၃ ဦးက ကိုအောင်ကိုကိုကို စစ်ဆေးမေးမြန်းတဲ့အခါမှာ သစ်သားတုတ်ရှည်နဲ့ ရီုက်နှက် နှိပ်စက်ခဲ့ပြီး ဒီဒဏ်ရာတွေကြောင့် နာရီပိုင်းအကြာမှာ သေဆုံးသွားခဲ့ရတယ်လို့ မျက်မြင်သက်သေမှတ်တမ်းတွေ၊ အခင်းဖြစ်ပွားတဲ့နေရာက ဓာတ်ပုံနဲ့ ခွဲစိတ်စစ်ဆေးချက်အစီရင်ခံစာတွေကို ကိုးကားပြီး Fortify Rights က ပြောဆိုပါတယ်။

“အောင်ကိုကိုရဲ့ ကြောက်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုဟာ အခုထိ မဖြေရှင်းရသေးပါဘူး။ ဒီအတွက် တာဝန်ရှိတဲ့ စစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားမျှတမှုရအောင် ဆောင်ရွက်ပေးသင့်ပါတယ်” လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောဆိုပါတယ်။

ကိုအောင်ကိုကို သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်ခံရမှုရဲ့မျက်မြင်သက်သေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် စီရာချက်(ထိုင်းအမည်) ဆိုတဲ့ မြန်မာအမျိုးသားတစ်ဦးကို အခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ လူသေစေမှုနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ ၄ လ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

“အောင်ကိုကိုရဲ့ ကြေကွဲဖွယ်သေဆုံးရမှုဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံအတွင်းမှာ အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ အပြစ်ပေးမှုတွေကို မီးမောင်းထိုးပြနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု Fortify Rights က ကြေညာပါတယ်။

ထိုင်းစစ်တပ်ဘက်ကတော့ ဒီစွပ်စွဲချက်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့က ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးပြီး ရှာဖွေနေပါတယ်၊ ဒါပေမယ့် ထိုင်းဟာ အမြဲတမ်း ဦးစားပေးပြီး လူတိုင်းနဲ့ တန်းတူညီမျှ လူ့အခွင့်အရေးကို ဦးစားပေးတယ်” လို့ ထိုင်းစစ်တပ်က စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Thanathip Sawangsang က AFP သတင်းဌာနကကို ပြောဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသားတွေဟာ နှစ်နိုင်ငံကြား ကီလိုမီတာ ၂၄၀၀ အကွာရှိ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်နေထိုင်နေကြပါတယ်။ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၉၀၀၀၀ ခန့်ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နယ်စပ်ကနေဖြတ်ကျော်ပြီး တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း သန်းနဲ့ချီရှိတယ်လို့ ဒေသခံ ထိုင်းလူမျိုးတွေက ဆိုပါတယ်။

Photo – Fortify Rights

ဆက်စပ် သတင်းများ

Most read