Homeနိုင်ငံတကာသတင်းမြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့တဲ့ထိုင်းရဲတပ်ကြပ် ကိုယ်တိုင်အဖမ်းခံ

မြန်မာနိုင်ငံသားကို ပစ်သတ်ခဲ့တဲ့ထိုင်းရဲတပ်ကြပ် ကိုယ်တိုင်အဖမ်းခံ

၁၀ ဇွန်၊ ၂၀၂၄

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အကြိတ် ခွဲစိတ်ရန် ဆေးရုံတက်နေတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ကြပ်တစ်ဦးက ဇွန် ၇ ရက် မနက်အစောပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အကြိတ်ခွဲစိတ်ရန် ဆေးရုံတက်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို ဇွန်လ ၇ရက် မနက်အစောကြီးမှာ သေနတ်သမားက ဦးခေါင်းကို ပစ်ခတ်ခဲ့ပြီး သေနတ်သမားက တိမ်းရှောင်နေခဲ့ပါတယ်။

သေနတ်သမားကို ဇွန်လ ၈ ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး သေနတ်သမားမှာ အသတ်ခံရသူ ဘေးကုတင်မှာ ဆေးကုသမှုခံယူနေတဲ့ လူနာရဲ့သား ထိုင်းရဲတပ်ကြပ်တစ်ဦး ဖြစ်နေတယ်လို့သိရပါတယ်။

အသတ်ခံရသူဟာ ညနက်သန်းခေါင်ထိ မိုဘိုင်းဂိမ်းတွေ ကစားလေ့ရှိပြီး သေနတ်သမားရဲ့ဖခင်ကို အနှောင့်အယှက်ဖြစ်နေပြီး ညဘက်အိပ်ချိန်တွေမှာ ဆူညံတာ၊ ရိုင်းပြတာမျိုးတွေ ရှိလို့ဒေါသအလျောက် တုံ့ပြန်မိတယ်လို့ သေနတ်သမားက ဝန်ခံပြောဆိုသွားပါတယ်။

အဖမ်းခံရချိန်မှာ သေနတ်သမားဟာ စိတ်ဖိစီးမှုများနေပေမယ့် မြန်မာနိုင်ငံသားကိုသတ်မိကြောင်းကိုတော့ ဝန်ခံသွားတယ်လို့ ခွန်ကယ်ရဲမှူးက ပြောကြားပါတယ်။

အဖမ်းခံတာလည်းဖခင်ရဲ့တိုက်တွန်းမှုကြောင့် ကိုယ်တိုင် အဖမ်းခံတယ်လို့လည်း သိရပါတယ်။

သေနတ်သမားဟာ စိတ်ဖိစီးမှုပြဿနာ၊ နှလုံးရောဂါတွေကြောင့် ဆေးသောက်နေရသူဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ရဲတပ်ဖွဲ့ကို ပြောကြားပါတယ်။

မြန်မာနိုင်ငံသားကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ထိုင်းရဲတပ်ကြပ်ကို လူသတ်မှု၊ တရားမဝင်လက် နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read