Homeပြည်တွင်းသတင်းမြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်

၃ မေ ၊၂၀၂၅

မြန်မာနိုင်ငံ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအထဲ စာနယ်ဇင်းသတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများ ဆုံး နိုင်ငံဖြစ်ကြောင်းနဲ့ သတင်းလွတ်လပ်ခွင်မှာလည်း အဆင့် ၁၇၁ မှာ ရှိနေတယ်လို့ သိရပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံမှာ အဆင့် ၁၇၁ မှာရပ်တည် နေပြီး လက်ရှိမှာလည်း အင်တာနက် ဆက်လက်ကန့်သတ်ထားခြင်းက လူသားချင်း စာနာထောက်ထား မှုအကူ အညီအတွက် အချက်အလက်များစုဆောင်းရာမှာ နှောင့်နှေးမှုဖြစ်စေတယ်လို့ ယူကေအစိုးရက ပြောဆို ထားပါ တယ်။

မေ ၃ ရက်နေ့ ဒီကနေ့မှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည့်အလျှောက် မြန်မာက သတင်းသမား တွေအနေနဲ့ နိုင်ငံတွင်းမှာ သတင်းလွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ စည်းရုံးလှုံ့ဆော်မှု၊ နေအိမ်တွေ ဖျက်ဆီး ခံရမှု၊ ဒါမှမဟုတ် အတင်းအဓမ္မ ပြည်နှင်ဒဏ် ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို ကြုံ‌ တွေ့ကာအသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းထောက် အရေအတွက် တိုးလာလျက်ရှိတယ်လို့လည်းဆိုထားပါတယ်။

မီဒီယာကဏ္ဍသည် လွတ်လပ်စွာသတင်းထုတ်ဖော်ခွင့်ရှိရမှာဖြစ်ပြီး ယူကေအစိုးရက ပြည်သူတွေရဲ့ သတင်းလက်လှမ်းမှီနိုင်ခြင်းအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ရှုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံး အမြန်ဆုံးပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
.
ဓာတ်ပုံ – AP

ဆက်စပ် သတင်းများ

Most read