Homeပြည်တွင်းသတင်းမြန်မာနိုင်ငံရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် ကမ္ဘာ့တရားရုံးမှာ ပြန်လည်ကြားနာမယ်

မြန်မာနိုင်ငံရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် ကမ္ဘာ့တရားရုံးမှာ ပြန်လည်ကြားနာမယ်

၂၀ ဒီဇင်ဘာ

ရိုဟင်ဂျာတွေ အပေါ်လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုကို ပြန်လည်ကြားနာမယ်လို့ ကမ္ဘာ့တရားရုံးလို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအမှုကို ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားစွဲဆိုခဲ့တာဖြစ်ပြီး မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံစလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှု ဟန့်တားရေးဆိုင်ရာ စာချုပ်မှာ လက်မှတ်ထိုးထားတာကြောင့် တရားရုံးက တရားစီရင်နိုင်တာဖြစ်ပါတယ်။

ကြားနာမှုကို ဇန်နဝါရီ ၁၂ ရက်က ၁၅ ရက်အထိ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ပြရမှာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ခုခံချေပချက်တွေကို ဇန်နဝါရီ ၁၆ ရက်က ၂၀ ရက်အထိ တင်ပြရမှာဖြစ်ပါတယ်။

ကြားနာမှုဒုတိယပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၁၊ ၂၂ နဲ့ ၂၃ ရက်မှာတော့ သက်သေတွေကို တံခါးပိတ်ကြးနာပွဲပြုလုပ်မှာဖြစ်ပြီး ၂၂ ရက်ညနေပိုင်းမှာ ဂမ်ဘီယာဘက်က သက်သေတွေက ထွက်ဆိုမှာဖြစ်ပါတယ်။

ဆက်လက်ပြီး ဂမ်ဘီယာဘက်က ဇန်နဝါရီ ၂၆ ရက် နဲ့ ၂၇ ရက်မှာ လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ၂၈ ရက်နဲ့ ၂၉ ရက်မှာ မြန်မာဘက်က လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ကတော့ ၂၀၁၇ ခုနှစ်အတွင်းက ရိုဟင်ဂျာတွေ အပေါ် စစ်ဆင်းရေးအတွင်း မြန်မာစစ်တပ်ဟာ မျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းကျော်ကို နေရပ်စွန့်ခွာထွက်ပြေးစေခဲ့တယ်လို့ ပြောထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး