၃ မတ် ၂၀၂၆၊ New Day Myanmar
စစ်ကော်မရှင်က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးကို စစ်ကော်မရှင်ဘက်က အခုရက်ထဲမှာပဲ ဖမ်းဆီးလိုက်တယ်လို့ New Day Myanmar ရဲ့စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောပါတယ်။
“ဖမ်းဆီးလိုက်တာ ဟုတ်ပါတယ်။ ကျားဖြန့်ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်က ဖမ်းခိုင်းတာကြောင့် ဖမ်းလိုက်တာလို့ သိရပါတယ်” လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်ကမှ မြန်မာနိုင်ငံရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
ဒီ့မတိုင်မီက သူက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကနေ ဒုရဲချုပ် အဖြစ် ပြောင်းရွှေ့လာပြီးတော့မှ ရဲချုပ် ဖြစ်လာခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ ဒီသတင်းကို မထုတ်ပြန်သေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် ကျိန်စာသဖွယ်ဖြစ်နေတဲ့ ရဲချုပ်နေရာကို ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ပြီးနောက် အဆက်ဆက် ရဲချုပ်တွေဖြစ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ဗိုလ်ချုပ် ဇင်မင်းထက်၊ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ဗိုလ်မှူးချုပ်(ငြိမ်း) ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့ တာဝန်ယူခဲ့တာမှာ ရာထူးတိုးတဲ့ နီလင်းအောင်က လွဲလို့ ကျန်သူတွေဟာ ဖမ်းခံရတာ၊နေရာရွှေ့ခဲ့ရတာ ဖြစ်ခဲ့ပါတယ်။
တရုတ်ဩဇာခံ မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ ကျားဖြန့်ဆိုင်ရာသတင်းပေးပို့မှုတွေနဲ့ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို ထင်ရှားတဲ့အရေးယူမှုနဲ့ ရာထူးဖြုတ်၊ဘွဲ့ထူးသိမ်းပြီး တိတ်တဆိတ်အရေးယူခဲ့ဖူးပါတယ်။


