Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်က စလို့ ၂၀၂၄ ဩဂုတ်လအထိ သတင်းသမားပေါင်း ၁၇၂ ဦးဖမ်းဆီးခံခဲ့ရ၊ အမျိုးသမီး ၂၈ ဦးပါဝင်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးချိန်က စလို့ ၂၀၂၄ ဩဂုတ်လအထိ သတင်းသမားပေါင်း ၁၇၂ ဦးဖမ်းဆီးခံခဲ့ရ၊ အမျိုးသမီး ၂၈ ဦးပါဝင်

၂၈ နိုဝင်ဘာ၊ ၂၀၂၄

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ၂၀၂၄ သြဂုတ်လအထိ သတင်းထောက်ပေါင်း ၁၇၂ ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ကြရပြီး သူတို့ထဲမှာ အမျိုးသား ၁၄၄ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက်ပါဝင်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး က သတင်းထုတ်ပြန်ပါတယ်။

လေ့လာသုံးသပ်မှုတွေအရ စစ်အစိုးရရဲ့ ဖြိုခွင်းမှုဟာ သတင်းမီဒီယာအဖွဲ့အစည်းတွေ ၈၇ ရာခိုင်နှုန်းကို အကျိုးသက်ရောက်ခဲ့ သလို ​မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာခဲ့တယ်လို့ နိုဝင်ဘာ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မီဒီယာကဏ္ဍမှာ လုပ်နေကြတဲ့ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ နှိပ်စက်ကလူပြုခံရမှု၊ ထောင်သွင်းအကျဥ်းချခံရမှုတွေအပါအဝင် ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရပပေမယ့် အမှုပေါင်းများစွာကိုလည်း မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ သတင်းမီဒီယာတွေကို အသံတိတ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရဲစွမ်းသတ္တိရှင် သတင်းထောက်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ကြံ့ကြံ့ခံဆက်လက်ရပ်တည်ပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ အမှန်တရားတွေကို ဆက်ပြီးအစီရင်ခံတင်ပြနေကြတယ်လို့ ဆိုပါတယ်။

(၁၆) ရက်တာလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မီဒီယာလောကမှာရှိတဲ့ အမျိုးသမီးတွေရဲ့ သတ္တိနဲ့ ကြံကြံ့ခံမှုကို မိမိတို့ လေးစားဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံး က သတင်းထုတ်ပြန်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်း အရုံး IMJA ရဲ့ စာရင်းတွေ အရ လက်ရှိအချိန်ထိ ထောင်ကျနေတဲ့ သတင်းသမားပေါင်း ၄၇ ဦးရှိနေတယ်လို့ သိရပါတယ်။

ပုံ – U.S. Embassy Rangoon

ဆက်စပ် သတင်းများ

Most read