Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်လို့ မဖြစ်နိုင်ဘူးလို့ အမေရိကန် ပြော

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်လို့ မဖြစ်နိုင်ဘူးလို့ အမေရိကန် ပြော

၁၂ အောက်တိုဘာ ၊၂၀၂၄

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်နေတာကြောင့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ ဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး Beth Van Shaack က ပြောပါတယ်။

ဒီလိုအချိန်မှာ မှာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်လာဖို့ ခုချိန်မှာ တွေးကြည့်လို့ မရဘူးလို့ သူက အောက်တိုဘာ ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

သူက မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းနိုင်ငံကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နေရာအများစုက စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့တာကြောင့် သန်းခေါင်စာရင်းကောက်တဲ့ လုပ်ငန်းစဉ်နဲ့ မဲပေးတဲ့ လုပ်ငန်းစဉ်က အကောင်အထည်ပေါ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်တာတွေအားလုံး ရပ်တန့်ပြီး မတရားဖမ်းဆီးထားတဲ့ သူတွေ အားလုံးကိုပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အတားအဆီးမရှိခွင့်ပြုဖို့ သူကပြောပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်ကောင်စီ အာဏာယူဖို့ပဲဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read