Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပိုဆိုးလာ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပိုဆိုးလာ

၁၀ ဇွန်၊ ၂၀၂၄

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက် သယံဇာတ အလွန်အကျွံ ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်ရဲ့ ဂျာနယ်မှာ ဇွန် ၉ ရက်နေ့ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သစ်လျှံမှု၊ ကျောက်စိမ်း၊ ရွှေ တူးဖော်မှုတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ပိုမိုပျက်စီးစေတဲ့ လုပ်ငန်းတွေ တိုးလာနေပြီး ဒီလိုလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ လူမှုအသိုက်အဝန်းဟာ န္တရာယ်တွေနဲ့ လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပဋိပက္ခနဲ့ ရာသီဥတု အပြောင်းအလဲအန္တရာယ်တွေကြောင့် လူဦးရေ ၁၈ သန်းကျော်ဟာ လူသားချင်းစာတာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုလုပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီး လျှပ်စစ်မီး ပြတ်တော့မှု တွေ ဖြစ်ပေါ်နေတာကြောင့် ထင်းနဲ့ မီးသွေးတွေ အသုံးပြုရတာကြောင့်လည်း သစ်တောပြုန်းတီးမှုတွေ ပိုပြီးဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ပညာရှင်တွေက တိုက်တွန်းနေကြလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read