Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဇွန်လတစ်လတာအတွင်းမှာ အမျိုးသမီး (၃၄)ဦး သေဆုံး

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဇွန်လတစ်လတာအတွင်းမှာ အမျိုးသမီး (၃၄)ဦး သေဆုံး

၁၀ ဇူလိုင် ၂၀၂၅

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဇွန်လတစ်လတာအတွင်းမှာ အမျိုးသမီး (၃၄) ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးတွေ အခုလို သေဆုံးကြရတာဟာ ယခုနှစ်ဇွန်လအတွင်း စစ်ကောင် စီရဲ့ လေကြောင်းအပြင် လက်နက်ကြီးနဲ့ တိုက်ခိုက်တာ ၊ အရပ်သားတွေကိုပစ် ခတ်သတ်ဖြတ်တာ၊ မြေမြုပ်မိုင်းနဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး(၃၄)ဦး သေဆုံးခဲ့ပြီး (၄၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီး (၃၄)ဦးမှာ လေကြောင်းတိုက်ခိုက်တာကြောင့် (၁၈) ဦး၊ လက်နက်ကြီးကြောင့် (၁၁)ဦး၊ ကျည်ထိမှန်တာကြောင့် (၂)ဦး၊သတ်ဖြတ်ခံရတာကြောင့် (၁)ဦးနဲ့ မြေမြုပ်မိုင်းကြောင့် (၂)ဦး ပါဝင်တယ်လို့ BWU ရဲ့အသိပေးချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ အမျိုးသမီး (၄၉) ကတော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် (၃၀)ဦး၊ လက်နက် ကြီးပစ်ခတ်တာကြောင့် (၁၄)ဦး၊ ကျည်ထိမှန်သူ (၂)ဦး၊ မြေမြုပ်မိုင်းကြောင့် (၁)ဦး၊ ရိုက်နှက်ခံရမှုကြောင့် (၁)ဦးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာကြောင့် (၁)ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး