Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက လူမျိုးတုံး ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ပြီး မော်လ်ဒိုက်ရဲ့ စွက်ဖက်မှုကို ICJ လက်ခံ

မြန်မာနိုင်ငံက လူမျိုးတုံး ရာဇဝတ်မှုတွေနဲ့ ပတ်သတ်ပြီး မော်လ်ဒိုက်ရဲ့ စွက်ဖက်မှုကို ICJ လက်ခံ

၁၇ ဇူလိုင်၊ ၂၀၂၄

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ”လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုဆိုင်ရာ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချခြင်းဆိုင်ရာ သဘောတူစာချုပ် (The Gambia v. Myanmar)” နဲ့ ပတ်သတ်ပြီး မော်လ်ဒိုက်ရဲ့ ဝင်ရောက်စွက်ဖက်မှု ကြေငြာချက်ကို လက်ခံကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

Gambia v. Myanmar ကိစ္စအတွက် မော်လဒိုက်နိုင်ငံက တင်သွင်းတဲ့ ကြားဝင်စွက်ဖက်မှုကြေညာ စာတမ်းကို ICJ က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်မှာ အတည်ပြုကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ ကြပါတယ်။

Genocide Convention (“Genocide Convention”) ပါ ပြဋ္ဌာန်းချက်တွေကို အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်တယ်လို့ ICJ က ထုတ်ပြန်ကြေညာထားပါတယ်။

မော်လ်ဒိုက်ရဲ့ ကြားဝင်စွက်ဖက်မှု ကြေညာစာတမ်းကို မြန်မာနိုင်ငံက ကန့်ကွက်ထားပေမယ့် ICJက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ ၂၀၁၉ နိုဝင်ဘာလ ၁၁ ရက်က တရားစွဲတင်ထားတာ ဖြစ်ပါတယ်။

မော်လ်ဒိုက်အစိုးရက ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှုရရှိရေး၊ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားမျှတမှုအတွက် ပါဝင်ကူညီပေးရေး နဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက် တွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ မော်လ်ဒိုက်အစိုးရဟာ ခိုင်မာစွာ ရပ်တည်နေတယ်လို့ မော်လ်ဒိုက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားပါတယ်။

ဆက်စပ် သတင်းများ

Most read