Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက တီဘီရောဂါသည်တွေ ကုသမှုရရှိဖို့ ရုန်းကန်နေရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ပြော

မြန်မာနိုင်ငံက တီဘီရောဂါသည်တွေ ကုသမှုရရှိဖို့ ရုန်းကန်နေရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ပြော

၂၅ မတ်၊ ၂၀၂၅

မြန်မာနိုင်ငံက တီဘီရောဂါလူနာအများအပြားဟာ ကုသမှုကို လက်လှမ်းမီရရှိနိုင်ဖို့ ကြိုးစားရုန်းကန်နေကြရတယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က မတ်လ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဟာ တီဘီရောဂါအများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်နေဆဲဖြစ်သလို ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ နဲ့ HIV နဲ့ ပူးတွဲဖြစ်ပွားတဲ့ တီဘီရောဂါတို့ ၃ မျိုးပေါင်း ဖြစ်ပွားမှုရဲ့ ဒဏ်ကိုလည်း ခံနေရတယ်လို့ ဆိုပါတယ်။

“မရှိမဖြစ်လိုအပ်နေတဲ့ ကုသမှုကို မရရှိကြတဲ့ တီဘီရောဂါလူနာတွေရဲ့ ကျန်းမာရေးအတွက် MSF က စိုးရိမ်နေပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံံံံမှာ တီဘီရောဂါကုသရေးအတွက် အတားအစီးတွေကတော့ ကုသမှုက အကန့်အသတ်ရှိတာ၊ ဆေးဝါးထောက်ပံ့မှုအကန့်အသတ်ဖြစ်တာ၊ ပဋိပက္ခတွေ နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စီးပွားရေးခက်ခဲနေတာ၊ ခွဲခြားဆက်ဆံမှုပြုလုပ်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – နယ်စည်းမထားဆရာဝန်များအဖွဲ့ မြန်မာနိုင်ငံ ဌာနခွဲတခုကိုတွေ့ရစဉ်

ဓါတ်ပုံ – MSF Myanmar

ဆက်စပ် သတင်းများ

Most read