Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အာဆီယံတိုက်တွန်း

မြန်မာနိုင်ငံက တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အာဆီယံတိုက်တွန်း

၁၄ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံက တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းပြီး ပြည်တွင်းစစ်အဆုံးသတ်ရအောင် အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အောက်တိုဘာလ ၁၃ ရက်က အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းသွားပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပတဲ့ အာဆီယံအဖွဲ့ နဲ့ နိုင်ငံတကာအစည်းအဝေးတွေ သောကြာနေ့က ပြီးဆုံးသွားပြီး အာဆီယံဥက္ကဋ္ဌက ထုတ်ပြန်တဲ့ကြေညာချက်ဟာ အစည်းအဝေးတွေရဲ့ သဘောတူညီချက်တွေကို ဖော်ပြတာ ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားထားပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတွေကို အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားက သံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ ထိပ်တန်းဆွေးနွေးစရာအဖြစ် မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတို့ကို အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့နဲ့ လူသားချင်းစာနာရေးအကူအညီတွေ ပေးပို့နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့လည်း အာဆီယံက တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံရဲ့လူဦးရေ စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံကျော်ရှိတဲ့ လူ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာရေး အကူအညီလိုအပ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက အပြည့်အဝအကောင်အထည်မဖော်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးက ကျယ်ပြန့်လာပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ဟာ ထိရောက်တဲ့တိုးတက်မှု မရှိဘူးလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း လက်ခံတဲ့အတွက် အလွတ်သဘောဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ ထိုင်းက အဆိုပြုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောတူထားပါတယ်။

Photo – Asean

ဆက်စပ် သတင်းများ

Most read