Homeပြည်တွင်းသတင်းမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီမယ်လို့ ဂျာမနီသံရုံးကြေညာ

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဆက်လက်ပံ့ပိုးကူညီမယ်လို့ ဂျာမနီသံရုံးကြေညာ

၂၇ ဖေဖော်ဝါရီ၊ ၂၀၂၅

၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းပေါင်းများစွာကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ ရန်ကုန်မှာ ရှိတဲ့ ဂျာမဏီသံရုံးက ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာပါတယ်။

ဂျာမနီဟာ ကုလသမဂ္ဂဘတ်ဂျက်သို့ အမေရိကန်ဒေါ်လာ ၁၉၄ သန်းကို ၂၀၂၅ ခုနှစ်အတွက် အပြည့်အဝ ထည့်ဝင်ခဲ့ပြီးဖြစ်သလိုကုလသမဂ္ဂက သူတို့ရဲ့ လုပ်ငန်းတွေကို ပြည်၀စွာလုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို ဆိုပါတယ်။

ခေတ်ကာလရဲ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ မရှိမဖြစ်လိုအပ်ပြီး အချိန်နဲ့တပြေးညီ ပံ့ပိုးပေးမှုကြောင့် ဂျာမနီဟာ ကမ္ဘာလုံးဆိုင်ရာ ကုလသမဂ္ဂဘတ်ဂျက် အတွက် စတုတ္ထမြောက် အကြီးဆုံးထည့်ဝင်သူဖြစ်လာပြီး စေတနာအလျောက် အလှူငွေထည့်ဝင်မှုအပိုင်းတွင်လည်း ဒုတိယအကြီးဆုံး ပံ့ပိုးသူဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ရန်ပုံငွေတွအတွက် ၂၀၂၄ ခုနှစ်မှာ ဂျာမနီကအမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တိုက်ရိုက်ထည့်ဝင်ခဲ့ပြီး အဲ့ဒီအထဲက အမေရိကန်ဒေါ်လာ ၇ သန်းကို မြန်မာ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေ (MHF) သို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဂျာမနီဟာ ဆွီဒင်နိုင်ငံနဲ့အတူ ၂၀၂၄ ခုနှစ်မှာ MHF အတွက် ပံ့ပိုးပေးတဲ့ ဒုတိယအကြီးဆုံးထည့်ဝင်သူ ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၂၅ခုနှစ်မှာလည်း ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read