Homeနိုင်ငံတကာသတင်းမြန်မာတစ်ဦးကို ကူညီတဲ့ ထိုင်းဒုရဲမှူး သေနတ်ကျည်ကုန်တဲ့ထိ ပစ်သတ်ခံရ

မြန်မာတစ်ဦးကို ကူညီတဲ့ ထိုင်းဒုရဲမှူး သေနတ်ကျည်ကုန်တဲ့ထိ ပစ်သတ်ခံရ

၆ ဇန်နဝါရီ၊ ၂၀၂၅

ဇန်နဝါရီလ ၃ ရက်ညပိုင်းက မြန်မာတစ်ဦးကို ကူညီဖို့ ကြိုးစားတဲ့ ဒုရဲမှူး ဘန်ရန်းကီဆာပန်ကို ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ အနော့်ဆရီဆပ်ဆိုသူက သေနတ်နဲ့ ၇ ချက်ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး တရားခံကို ချက်ချင်းဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ခရိုင်၊ ဆိုင်မိုင်ရဲစခန်းက ရဲမူး ပိုဘွန်းဖော်သုန်က ပြောဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခွဲဝန်းကျင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မိုင်စခန်း၊ မှုခင်းနှိမ်နင်းရေးဌာန ဒုရဲမှူးဘန်ရန်းဟာ ညဘက် တာဝန်ချိန်ပြီးဆုံးလို့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း ဆိုင်နားမှာ မြန်မာတစ်ဦးနဲ့ သေနတ်သမားတို့ စကားများနေပြီး မြန်မာက သူ့ဆီကို ပြေးလာပြီး ကယ်တင်ပေးဖို့ အကူအညီတောင်းတယ်လို့ သိရပါတယ်။

မြန်မာနောက်လိုက်နေတဲ့ သေနတ်သမားကို ဒုရဲမှူး ဘန်ရန်းက မေးမြန်းပြီး တားဆီးဖို့ ကြိုးစားရာက သေနတ်သမားက 9mm ပစ္စတိုနဲ့ ကျည်ကုန်တဲ့အထိ ပစ်လိုက်တာ ဖြစ်ပါတယ်။ ပစ်ပြီး ဆိုင်ကယ်ပြင်ဆိုင်ကို ဝင်ပုန်းပေမယ့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဒုရဲမှူး ဘန်ရမ်းဟာ သွေးအိုင်ထဲ သေနတ်ဒဏ်ရာတွေနဲ့ လဲလျောင်းနေပြီး ကယ်ဆယ်ရေးသမားတွေက အရေးပေါ်သူနာပြုနည်းတွေသုံးပြီး ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။ သူ့ကိုယ်မှာ သေနတ်ဒဏ်ရာ ၇ ခု တွေ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်ပြင်ဆိုင်ထဲကို ပြေးဝင်သွားတဲ့ သေနတ်သမား အနော်ဆရီဆပ်ကိုလည်း ဖမ်းဆီးရမိထားပြီး အနော်ဆရီဆပ်ကလည်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ထိုင်းအာဏာပိုင်တွေက လူသတ်မှု၊ တရားမဝင်လက်နက်ပိုင်ဆိုင်မှု၊ ဥပဒေမဲ့ လက်နက်ကိုင်ရမ်းကားမှုတို့နဲ့အရေးယူသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးသိရတဲ့သတင်းတွေအရ သေနတ်သမားရန်ပြုဖို့ကြိုးစားနေတဲ့ မြန်မာကိုလည်း ဖမ်းဆီးရမိထားပြီး စစ်ဆေးပြီး တရားဥပဒေအရ ဆောင်ရွက်နိုင်ဖို့တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – The Pattaya News၊ The Bangkok Post

ဆက်စပ် သတင်းများ

Most read