Homeပြည်တွင်းသတင်းမြန်မာစစ်အုပ်စုကို လောင်စာဖြည့်ပေးနေတဲ့ အာဆီယံနိုင်ငံက သူဌေးတွေရဲ့ အမည်စာရင်း Justice For Myanmar ထုတ်ပြန်

မြန်မာစစ်အုပ်စုကို လောင်စာဖြည့်ပေးနေတဲ့ အာဆီယံနိုင်ငံက သူဌေးတွေရဲ့ အမည်စာရင်း Justice For Myanmar ထုတ်ပြန်

မေ ၁၂ ၊ ၂၀၂၅

မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လောင်စာဖြည့်ပေးနေတဲ့ အာဆီယံသူဌေးကြီးတွေရဲ့ အမည် စာရင်း ကို Justice For Myanmar ကထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့တဲ့ အရှေ့တောင် အာရှတစ်လွှားက သူဌေးကြီးတွေရဲ့ အများပြည်သူသို့ ဖော်ထုတ်ရန်အတွက် “အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်း” တည်းဖြတ်ထုတ်ပြန်မှုကို Justice For Myanmar က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ ၎င်းတို့ရဲ့ ဘုံသဘောထားငါးရပ်က‌နေတဆင့် မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေတယ်လို့ ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုရဲ့ အကြမ်းဖက်မှု တွေကို ဟန့်တားထိန်းချုပ်ရန် ပျက်ကွက်ခဲ့သလို ၎င်းတို့ရဲ့ အချုပ်အခြာ အာဏာပိုင်မှုအောက်ရှိ ကုမ္ပဏီတွေကို မြန်မာစစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနဲ့ လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုတွေကို ဆက်လက်ခွင့်ပြု ပေးခဲ့ တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုကိုထောက်ပံ့ပေးနေတဲ့ အာဆီယံနိုင်ငံက သူဌေးကြီးများဖြစ်တဲ့ ရှန်ဂရီလာဟိုတယ်များအုပ်စုကို တည်ထောင်သူ ရောဘတ်ကော့ခ် (မလေးရှား) ၊ Thai Beverage တည်ထောင်သူ၊ အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံတန်ဖိုးရှိ အဖျော်ယမကာလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြစ်တဲ့ TCC Group နှင့် Fraser & Neave တို့၏ ဥက္ကဌချက်ချိုင်းရန်ဘမ်ဝေါင် (ထိုင်း) ၊ ချယ်ရင်းန် သီရီဝက္ထနဟတ္ထိ (ထိုင်း) ၎င်း၏ စီးပွားရေးလုပ်ငန်းဟာ စစ်အုပ်စုထံ အခွန်အဖြစ် ဒေါ်လာ မီလီယံနဲ့ချီပြီး ပေးဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ငုယင်သီဖုအန်းသောင် (ဗီယက်နမ်) – VietJet Air ရဲ့ စီအီးအိုနှင့် HD Bank ၏ ဒုတိယဥက္ကဌ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး ဘီလီယံနာသူဌေးတစ်ဦး ဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ စစ်အုပ်စုနဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ်လုပ်ကိုင်ပြီး၊ စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာသန်းချီ ပေးအပ်နေတဲ့ ကုမ္ပဏီ Northern Gulf Petroleum ရဲ့ အမှုဆောင်ဒါရိုက်တာတို့ပဲ ဖြစ်ပါတယ်။ လီတိရှိ (စင်ကာပူ) – စစ်အုပ်စုအတွက် ငွေကြေးရွှေ့ပြောင်းရန်၊ စီးပွားရေးလုပ်ဆောင်ရန်၊ လက်နက်ဝယ်ယူရန် အားပေးကူညီခဲ့တဲ့ Oversea-Chinese Banking Corporation (OCBC) ကဒါရိုက်တာနှင့် ရှယ်ယာရှင် တစ်ဦးတို့ပဲဖြစ်ပါတယ်။

၎င်းတို့ဟာ ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း တို့ကတဆင့် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေတဆင့်အကျိုးအမြတ်ရရှိနေသူများ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ ခရိုနီကြီးတွေနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာလည်းဖြစ်ပါတယ်။

အဆိုပါအကြမ်းဖက်စစ်ဆင်ရေးမှာ စစ်အုပ်စုရဲ့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သား ပြည်သူတွေအပေါ် ရည်ရွယ်ချက် ရှိရှိ လေကြောင်းတိုက်ခိုက်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပါ ဝင်ပါတယ်။

ထို့ပြင် မတ်လ ၂၈ ရက်နေ့က ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စုဟာ ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ပို၍ပင် တိုးချဲ့လုပ်ဆောင်ခဲ့ပြီး၊ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေ ကိုပင်မချန် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ခဲ့ပါတယ်။

“အသက် ၃၀ အထက် မသာမာသူများစာရင်း” ထုတ်ပြန်မှုကို မေလ ၂၆-၂၇ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ စတင်လိုက်တာဖြစ်ပါတယ်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှာ ဒေသတွင်း ခေါင်းဆောင်များက မြန်မာနိုင်ငံတွင်း အကျပ်အတည်းများကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ဖြေရှင်းရန် ကူညီပေးခြင်းထက် လက်တွေ့တွင် စစ်အုပ်စုကို မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်း၊ စစ်ဘက်လေ့ကျင့်သင်ကြားမှုတွေကိုပေးအပ်ခြင်း၊ ထိရောက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကို တားဆီးပိတ်ပင်ခြင်း၊ စစ်အုပ်စု၊ ၎င်းတို့မိတ်ဖက်များနဲ့ အဖွဲ့ဝင်နိုင်ငံ တွေရဲ့စီးပွားရေးလုပ်ငန်းတွေကို မျက်ကွယ်ပြု ပေးထားခြင်းတို့ဟာ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို လောင်စာဖြည့်မီးထိုးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ : JFM

ဆက်စပ် သတင်းများ

Most read