Homeပြည်တွင်းသတင်းမြန်မာစစ်ရှောင်ပြည်သူတွေကို အလုပ်လုပ်ခွင့်ပေးတဲ့ အတွက် ထိုင်းဘုရင်နဲ့ ထိုင်းအစိုးရကို NUG ကျေးဇူးတင်

မြန်မာစစ်ရှောင်ပြည်သူတွေကို အလုပ်လုပ်ခွင့်ပေးတဲ့ အတွက် ထိုင်းဘုရင်နဲ့ ထိုင်းအစိုးရကို NUG ကျေးဇူးတင်

၂၉ ဩဂုတ် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ခွင့်ပြုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံအစိုးရကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇာမာအောင်က ကျေးဇူးတင်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၇ ရက်က ပေးပို့ခဲ့တဲ့ အဲ့ဒီသဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မြန်မာစစ်ဘေးရှောင်ပြည်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်းနိုင်ငံအစိုးရနဲ့အတူလက်တွဲဆောက်ရွက်ဖို့ အသင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး