မြန်မာစစ်တပ်အနေနဲ့ အကြမ်ဖက်တာတွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မှာ အမေရိကန်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။
မြန်မာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပေါ် အမေရိကန်က အထူးစိုးရိမ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာစစ်တပ်အနေနဲ့အကြမ်းဖက်တာ
တွေရပ်တန့်ဖို့နဲ့လူသားချင်းစာနာထောက် ထားတဲ့အကူအညီတွေကို အတားအဆီး မရှိ၊ ရရှိနိုင်စေဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းခံရထားရသူတွေကို လွှတ်ပေးဖို့နဲ့ ပဋိပက္ခကို ငြိမ်းချမ်းပြီး ရေရှည်အဆုံး သတ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ အချက်တွေလည်း တိုက်တွန်းထားပါတယ်။
မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်း တရားမျှပြီး ပြည့်စုံတဲ့အနာဂတ်တည်ဆောက်ရေးသန္နိဋ္ဌာန်ကိုလည်း အမေရိကန်အနေနဲ့ ဆက်လက်ကတိကဝတ်ပြုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့အတွက် ရန်ကုန်မှာရှိတဲ့သြစတေးလျသံရုံးကလည်း ထုတ်ပြန် ပြောဆိုရာမှာ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို လေးစားအသိ အမှတ်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးမှာဖြစ်ပြီး ပိုကောင်းတဲ့အနာဂတ် တည် ဆောက်ရေးအတွက် အတူတကွရပ်တည်မယ်လို့ သြစတေးလျသံရုံးကလည်း ထုတ်ပြန်ပါတယ်။


