Homeပြည်တွင်းသတင်းမြန်မာစစ်တပ်အတွက် လက်နက်ဝယ်ပေးလို့ စီးပွားရေးပိတ်ဆို့ခံထားရတဲ့ လုပ်ငန်းရှင်အချို့ကို အမေရိကန်က ပိတ်ဆို့မှုရုပ်သိမ်း

မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ပေးလို့ စီးပွားရေးပိတ်ဆို့ခံထားရတဲ့ လုပ်ငန်းရှင်အချို့ကို အမေရိကန်က ပိတ်ဆို့မှုရုပ်သိမ်း

၂၅ ဇူလိုင် ၂၀၂၅

အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုချမှတ်ထားတဲ့ လုပ်ငန်းရှင်အချို့ကို ပိတ်ဆို့ထားမှု ပယ်ဖျက်ပေးခဲ့တယ်လို့အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှု ပယ်ဖျက်ပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ KT Services & Logistics တည်ထောင်သူ ဂျွန်နသန်မျိုးကျော်သောင်း၊MCM Group က အောင်လှိုင်ဦး၊Suntac Technologies က စစ်တိုင်းအောင်နဲ့ စစ်ကောင်စီနဲ့ နီးစပ်သူ တင်လတ်မင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဂျွန်နသန်မျိုးကျော်သောင်းဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်လက်ထက် ၂၀၂၂ခုနှစ်ဇန်န ဝါရီလက စီးပွားရေးပိတ်ဆို့ခံခဲ့ရတာဖြစ်ပြီး စစ်တိုင်းအောင်နဲ့အောင်လှိုင်ဦးတို့ဟာ မြန်မာစစ်တပ်အတွက် လက်နက်အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီး

ကိုင်နေတာကြောင့် ၂၀၂၂ခုနှစ်မှာပဲ စီးပွားရေး ပိတ်ဆို့ခံခဲ့ရတာဖြစ်ကာ တင်လတ်မင်းကတော့ စစ်ကောင်စီနဲဲ့ နီးကပ်စွာနေတဲ့သူဖြစ်လို့ ၂၀၂၄ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့ခံခဲ့ရတာလို့ သိရပါတယ်။

အမေရိကန်အနေနဲ့ သမ္မတဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကောက်ခံမယ့် အခွန်နှုန်းထားစာကို စစ်ကောင်စီ ထံကို ပေးပို့ခဲ့မှုအပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်ပေးပို့လာတဲ့စာအပေါ်ကို ချီးကျူးပြီး ပိတ်ဆို့မှုတွေဖြေလျော့ပေးဖို့ ပြန်စာပေးပို့မှုနောက်ပိုင်းမှာ အခုလို လုပ်ငန်းရှင်အချို့ကို စီးပွားရေးပိတ်ဆို့ထားမှု ပြန်လည်ပယ်ဖျက်ပေးမှုဖြစ်လာတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး