Homeပြည်တွင်းသတင်းမြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှု ၃ ပုံ ၁ ပုံစာ ဖြတ်တောက်ထားနိုင်ပြီဟု ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆို

မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှု ၃ ပုံ ၁ ပုံစာ ဖြတ်တောက်ထားနိုင်ပြီဟု ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆို

၂၆ ဇွန်၊ ၂၀၂၅

မြန်မာစစ်တပ်ထံကို စီးဆင်းနေတဲ့ လက်နက်ပစ္စည်းတွေရဲ့ သုံးပုံတစ်ပုံစာကိုတယ်လို့ ဖြတ်တောက်နိုင်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်က ပြောပါတယ်။

ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေး ကောင်စီ ၅၉ ကြိမ်မြောက် အစည်းအဝေးမှာ သူက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“သတင်းဆိုးတွေကြားက သတင်းကောင်းတစ်ခုပါ။ ငွေကြေးအထူးအကုန်မလိုဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြတ်တောက်နိုင်ခဲ့တာပါ”လို့ မစ္စတာ တွမ်အင်ဒရူးစ်က ပြောပါတယ်။

ခုလို အောင်မြင်ခဲ့တာဟာ စင်္ကာပူနိုင်ငံအနေနဲ့ လက်နက်နဲ့ ပတ်သက်တဲ့ ငွေကြေးစီးဆင်းမှုတွေ ၉၀ ရာခိုင်နှုန်းအထိ တားဆီးပေးခဲ့တာ၊ ထိုင်းနိုင်ငံ ဘန်ကောက်ဘဏ်ကလည်း စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ် (Myanmar Economic Bank) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်နားခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ မြန်မာ့လူ့အခွင့်အရေးအကူအညီအတွက်လိုအပ်နေတဲ့ ရန်ပုံငွေဟာ ၁၂ ရာခိုင်နှုန်းသာ ရရှိနေပြီး အလွန်နည်းပါးနေတယ်လို့ သူကပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေးကူညီရေးအတွက် ၃၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ ဆိုပါတယ်။

ပုံစာ – မြန်မာစစ်တပ်ရဲ့ စစ်ရေးပြပွဲ

ဓါတ်ပုံ – AP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး