မြန်မာပြည်မှာ စစ်ကော်မရှင်က ပြုလုပ်ဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့ သူက ပြောခဲ့သလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လည်း နိုဝင်ဘာ ၂၅ ရက်က ဘန်ကောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ယုံကြည်လက်ခံစေချင်ပေမယ့် ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော့်ခံစားချက်က ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်တဲ့ အနေအထားမှာ မရှိဘူး” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒါပေမယ့် ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲမှာ ဦးသိန်းစိန်တက်လာပြီးနောက် နောက်တကြိမ်ရွေးကောက်ပွဲမှာ NLD က အနိုင်ရရှိခဲ့တာနဲ့ပတ်သက်ပြီး အခုရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်း ဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်စုကြည်နဲ့ပတ်သက်ပြီးတော့လည်း “သူမကိုလွှတ်ပေးဖို့အချိန်တန်ပြီ”လို့ Mr. Phuangketkeow ကပြောပါတယ်။“တခါတရံမှာ မှန်ကန်တဲ့စကားကို ပြောရမယ်။” သူမကို အကျဉ်းချထားတာ ကြာပါပြီ။ သူ့အသက်အရွယ်မှာ သူ့ကျန်းမာရေးအခြေအနေကို ကျွန်တော်တို့ မသိတဲ့အတွက် အဲဒါကို ပထမဆုံး ဒါမှမဟုတ် ချက်ချင်းလုပ်မယ်လို့ မျှော်လင့်ပါတယ်။”လို့သူက ဆက်ပြောပါတယ်။
ဓါတ်ပုံ – Reuters


