Homeပြည်တွင်းသတင်းမြန်မာစစ်ကောင်စီကို အမေရိကန်က အသိအမှတ်မပြုသလို ထိုင်းကလည်း တရားဝင်မှုမပေးဖို့ အမေရိကန်တိုက်တွန်း

မြန်မာစစ်ကောင်စီကို အမေရိကန်က အသိအမှတ်မပြုသလို ထိုင်းကလည်း တရားဝင်မှုမပေးဖို့ အမေရိကန်တိုက်တွန်း

၃၀ ဇူလိုင် ၂၀၂၅

မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်မပြုသလို ထိုင်းနိုင်ငံကလည်း မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာ မလုပ်သင့်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သမ္မတ ထရမ့်က အမည်တင်သွင်းထားတဲ့ ရှောင်အိုနေးလ်က ပြောလိုက်ပါတယ်။

ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ပြဿနာအရေးနဲ့ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက ပြောကြားစဉ်မှာ မြန်မာ့အရေး ခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှုအရလည်း လာမယ်နှစ်ကုန်မှာ စစ်ကောင်စီက ပြုလုပ်ဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့လည်း သူ့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံက စစ်တပ်ကို အစိုးရအဖြစ် တရားဝင်အသိအမှတ်မပြုဖို့ လိုတယ်လို့ သူကတိုက်တွန်းပြောကြားခဲ့ပါတယ်။

“စစ်ကောင်စီက အခုလုပ်နေတဲ့ ရွေးကောက်ပွဲဖြစ်လာရင်တောင် အတိုက်အခံခေါင်ဆောင်တွေကို ထောင်ချထားပြီး တိုင်းပြည်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံက အသိအမှတ်မပြုဖို့ တိုက်တွန်းလိုပါတယ်”လို့ ရှောင်အိုနေးလ်က ပြောလိုက်တာပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး