၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိပြီး မြန်မာအမျိုးသမီးငယ်တစ်ဦးကို စကားပြန်အဖြစ် ငှားပြီး တစ်ရက်တာ ရည်းစားကို ဒေါ်လာ ၁၃၀ နဲ့ ငှားရမ်းလို့ ရကြောင်း Social Media မှာ တင်ခဲ့တဲ့ ထိုင်း Travel Vlogger က သူ့ရဲ့ Vlog ကို ပြန်ဖျက်ပြီး တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်း Travel Blogger W****** ဆိုသူက မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့သူ့ရဲ့ခရီးစဉ်မှာ မြန်မာအမျိုးသမီးငယ်တစ်ဦးကို စကားပြန်အဖြစ် ငှားပြီး Vlog အတူ ရိုက်ကာ “မြန်မာပြည်မှာ ဒေါ်လာ ၁၃၀ တန် ရည်းစားတစ်ယောက်ကို တစ်နေ့တာအတွက် ငှားရမ်းခဲ့တယ်”လို့ YouTube မှာ တင်ထားပါတယ်။
သူတင်ထားတဲ့ ယူကျုရုပ်သံဖိုင်ကို ဝင်ရောက်ကြည့်ရှုသူ ၁.၆ သန်းရှိခဲ့ပြီး လူမှုကွန်ယက်က မြန်မာနက်တီဇင်တွေကြားဝေဖန်မှု ပျံ့နှံ့နေတဲ့အတွက် အမျိုးသမီးလေးဘက်က ပြန်ပြီး ဖြေရှင်းခိုင်းတဲ့အတွက် W****** တို့ Team က ရုပ်သံဖိုင်တင်ပြီး ၁၃ ရက်အကြာ ဖေဖော်ဝါရီ ၁၆ ရက်က တောင်းပန်စာကို အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာနဲ့ ပြန်ပြီး တင်ထားတယ်လို့ သိရပါတယ်။ ရုပ်သံဖိုင်ကလည်း အခုမရှိတော့ဘူးလို့ မြန်မာနက်တီဇင်တွေက ဆိုပါတယ်။
ဓာတ်ပုံ – Screenshot from YouTube