Homeပြည်တွင်းသတင်းမြန်မာငလျင်ဘေး အရေးပေါ်အကူအညီ ဒေါ်လာ ၂ သန်းပေးမယ်လို့ အမေရိကန်ကြေညာ၊ USAID အဖွဲ့ မြန်မာပြည်လာမယ်

မြန်မာငလျင်ဘေး အရေးပေါ်အကူအညီ ဒေါ်လာ ၂ သန်းပေးမယ်လို့ အမေရိကန်ကြေညာ၊ USAID အဖွဲ့ မြန်မာပြည်လာမယ်

၃၀ မတ်၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့ အဖွဲ့တွေကတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာလည်း အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နဲ့ ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အပူတပြင်း လိုအပ်ချက်တွေကို သုံးသပ်ဖော်ထုတ်ဖို့မြန်မာနိုင်ငံကိုလာမယ်လို့လည်း သိရပါတယ်။

“ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိပါသည်။ ဤအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။”လို့ သံရုံး ရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ်။

ဆက်စပ် သတင်းများ

Most read