မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၂ သန်းကူညီမယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ တောင်ကိုရီးယားသံရုံးက ကြေညာပါတယ်။
ဒီထောက်ပံ့မှုဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ နဲ့ ထိခိုက်ခံစားရတဲ့ဒေသတွေမှာ သက်သာရာရစေမယ်လို့ မျှော်လင့်တယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။
ကိုရီးယားအစိုးရ အနေနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ထပ်မံလိုအပ်မယ့် အကူအညီတွေကိုလည်း ပေးအပ်သွားမယ်လို့ မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – New Day Myanmar