ပြီးခဲ့တဲ့ သောကြာနေ့က လူပ်ခဲ့တဲ့မြေငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ် နော်ဝေနိုင်ငံက NOK သန်း ၁၂၀ ကူညီသွားမယ်လို့ ရန်ကုန်ရှိ နော်ဝေသံရုံးက ဒီနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်မလှုပ်မီက လူပေါင်း သန်းပေါင်း ၂၀ မှာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ တွေလိုအပ်နေပြီး သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှိပြီးသား လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေေပေါ်ထပ်ဆင့်လိုက်တဲ့ အကျပ်အတည်းတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါတယ်။
နော်ဝေနိုင်ငံအနေနဲ့ ငလျင်မလှုပ်မီက မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို NOK သန်း ၁၂၀ လှူဒါန်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် ပြည်တွင်းရှိလုပ်ဖော်ကိုင်ဖက် တွေမှတစ်ဆင့် အကူအညီ အလိုအပ်ဆုံးနေရာတွေဆီ တတ်နိုင်သမျှ မြန်မြန်ရောက်ရှိဖို့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဟာ စိုးရိမ်ရတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေရဲ့ အကျပ် အတည်း တစ်ခုလို့နော်ဝေနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Åsmund Aukrust က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပြီး စစ်အစိုးရက ပြည်နယ်ခြောက်ခုကို အရေးပေါ် အခြေအနေကြေညာထားကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်အတွက် စစ်အစိုးရ အနေနဲ့ ၎င်းထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်း ဘေးဒဏ်သင့်ဒေသတွေဆီ အကူအညီတွေ အပြည့် အဝရောက်အောင် ကူညီပေးရန်နဲ့ စစ်ကောင်စီထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေမှာလည်း သက်ဆိုင်ရာ အတိုက်အခံအဖွဲ့အစည်းတွေမှ ကူညီပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ငလျင်ဗဟိုချက်တဝိုက်ရှိ နေရာများမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့် ခွာသူ ၁.၅ သန်းနီးပါးရှိနေတယ်လို့လည်း နော်ဝေသံရုံးက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – MSFD