မြန်မာနိုင်ငံမှာကြုံနေရတဲ့ ငလျင်ဘေးအတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၁ ဘီလီယံတန်ဖိုးရှိတဲ့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဧပြီလ ၁၀ ရက်နေ့ညက ထုတ်ပြထားပါ တယ်။
ဒီအကူအညီတွေထဲမှာ လောင်စာဆီ၊ Plank House၊ ခွဲစိပ်ခန်း၊ ဆေးဝါးနဲ့ ကာကွယ်ဆေးစတဲ့ အရေးတကြီး လိုအပ်တဲ့ ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ တွေ၊ ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့ တွေ၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဆောက်အဦဆိုင်ရာ စစ်ဆေးရေး အဖွဲ့တွေကိုပါ စေလွှတ်သွားမယ်လို့ တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံဟာ အကူအညီတွေ ပေး ဖို့ ကြေညာခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်သလို ကယ်ဆယ်ရေးအဖွဲ့တွေကိုစေလွှတ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အပါအဝင် လူ ၉ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သလို လူ ၅၉ ဦးရဲ့ ရုပ်အလောင်းတွေကိုပါ ရှာဖွေ ပေးနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ရွက်ဖျင်တဲ၊ စောင်၊ ခြင်ထောင်၊ အရေးပေါ်ဆေးအိတ်၊ တာပေါ်လင်စ၊ ဆိုလာမီးအိမ်၊ ခေါက်ဆွဲခြောက် အစရှိတဲ့ အရေးပေါ်လိုအပ်ချက်တွေကို အကူအညီပေးခဲ့ တယ် လို့ လည်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၉ ရက်နေ့အထိ နိုင်ငံတကာအရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူပေါင်း ၆၅၃ ဦးကို အသက် ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သလို သေဆုံးသူ ၇၁၈ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေနိုင်ခဲ့တယ်လို့ စစ်ကော်စီက ထုတ်ပြန်ထားပါတယ်။